စာ နာကြပါ….Delivery service ဆိုတာပေါ်လာပြီးခေတ်စားလာတော့စက်ဘီးလေးတွေနဲ့ ကလေးတွေဟိုနားတယောက်ဒီနားတယောက်။ကျောကော့အောင်ပူတဲ့ နေရောင်အောက်မှာလက်တဖက်ကလဲ HP လေးနဲ့လမ်းညွှန်မြေပုံကြည့်ရင်းပစ္စည်းနဲ့ အစားအသောက်တွေ
ပို့နေတာ မြင်တိုင်းစိတ်ဝင်တစားနဲ့ ကျမလိုက်ကြည့်ဖြစ်တယ်။ကျမသားအရွယ်လေးတွေလေသူတို့ခမျာ တတ်နိုင်တဲ့နေရာကမိသားစုဝန်ကိုထမ်းနေကြတာ။

သနားတာရောကိုယ်ချင်းစာတာရောအန္တရာယ်များတဲ့ကားကြိုကားကြားစက်ဘီးလေးတွေနဲ့ကျောမှာလဲ ပုံးကြီးလွယ်လို့။ဟိုနေ့က ဖတ်လိုက်ရတယ်အစားအသောက်တခုပို့တာမိနစ်ပိုင်းလေးနောက်ကျသွားလို့ပိုက်ဆံလဲမပေးအစားတွေလဲ လွှင့်ပစ်တယ်တဲ့အဲဒါကြားတော့ လုပ်တဲ့သူကိုဒေါသဖြစ်၊ ခံရတဲ့ကလေးကိုတွေးပြီးသူ့တွက်စိတ်မကောင်းလိုက်တာ။သူ့ခမျာ ပိုက်ဆံမရလို့စိုက်လျော်ရမလားဒါ့အပြင် အလုပ်မှာ ထပ်အဆူခံရမလား။တကယ်ဆို ၁၀ မိနစ်ဆိုတာဘယ်လောက်များနောက်ကျသွားလို့လဲနော်။

ဒီနေ့ဆို သစ်ပင်အောက်မှာစက်ဘီးလေးရပ် အမောဖြေနေတဲ့ကလေးတယောက်တွေ့တော့စိတ်မကောင်းလိုက်တာဆိုတာကိုယ်တောင်ကားနဲ့သွားတာပူလို့ပင်ပန်းနေတာသူတို့လေးတွေက အမိုးအကာမဲ့။

ခုလဲမတော်တဆကြောင့်အသက်ပေးလိုက်ရတဲ့ကလေးလေးစက်ဘီးလေးက ပိုင်ရှင်မဲ့လို့ပုံလေးတော့ မတင်ရက်လို့ မတင်တော့ဘူး
မိဘကတော့ အိမ်ပြန်လာမဲ့သားကိုအချိန်ကျရင် မျှော်နေရှာမှာ။ဒါ့ကြောင့် သူငယ်ချင်းတို့လဲDelivery ကလေးတွေများ ပစ္စည်းလာပို့ရင်
နွေးနွေးထွေးထွေးလေးဆက်ဆံပြီး နောက်ကျခဲ့ရင်လဲနားလည်ခွင့်လွှတ်ပေးလိုက်ကြပါလို့။

ရိုးသားစွာ ဘဝကိုရုန်းကန်နေတဲ့ကလေးတွေကိုအားပေးကူညီကြပါစို့နော်။
လေးစားစွာဖြင့် ခရစ်ဒက် …… မူရင်း