အကြောင်းစုံ ကို မသိဘဲ ခြိမ်းခြောက်ဆဲဆိုနေသူများကိုလည်း စာကို သေချာဖတ်စေချင်ပါတယ်

ကျွန်တော် ကျွန်မ လင်မယားနှစ်ယောက်တို့သည် မိုးကုတ်မြို့ ကပိုင်ကျေးရွာ(ကျန်းမာရေးစစ်ဆေးသောနေရာနှင့် မိုင် ၂၀ခန့်ကွာဝေးသော) (မိုးကုတ်>ကပိုင်>မိုးကုတ်)အပြန်တွင် ဖြစ်သော ကိစ္စသည် ကျန်းမာရေး စစ်ဆေးချက်ကို မခံယူဘဲ ရှောင်တိမ်းသော ကြောင့် ပြသာနာ ဖြစ်ရခြင်း မဟုတ်ပါ ။

တာဝန်ရှိသူများမှ စစ်ဆေးသော ကျန်းမာရေး စစ်ဆေးချက်များဖြစ်သည့် ကိုယ်အပူချိန်တိုင်းခြင်းများကိုလည်း ကြည်ဖြူစွာ ခံယူခဲ့ပါသည်။ ထို့နောက် စစ်ဆေးပြီးကြောင်းကို (ကားပေါ်ပါသူ လူဦးရေ ကျား-1 မ-2 ၊ နေရပ်လိပ်စာ၊ ပြန်လာသည့်နေရာဌာန၊ ဖုန်းနံပါတ်…စသည်)တို့ကို စာရင်းပေးသွင်းခဲ့ပါသည်။ စစ်ဆေးသည့် နေရာမှ ပြန်လည်ထွက်ခွာသော အချိန်တွင် ကျွန်မ ဒေါ်ဝါဝါမှ “တိုးဂိတ်များတွင်ကဲ့သို့ ကားနံပါတ်နဲ့ ယာဉ်မောင်း အမည်တို့ကို ကားပေါ်ကပဲ စာရင်းပေးရင် မကောင်းဘူးလား? အသက်ကြီးသူတွေဆို ကား air conထဲက ရုတ်တရက်ထွက်ရင် အပူရှပ်တတ်ကြောင်း အဆင်မပြေကြောင်း”ကို အကြံဥာဏ်ပေးခဲ့ပါသည်။

ထိုအချိန်တွင် ကြက်ခြေနီဝတ်စုံ ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးမှ အကြံဥာဏ်ကို သူတို့ကို ပေးလို့မရကြောင်း ပြောပြီး ကျန်းမာရေးစစ်ဆေးသည့် မျက်နှာချင်းဆိုင်မှ တဲထဲမှ သက်ဆိုင်ရာတာဝန်ရှိသူတွေကို လှမ်းခေါ်ခဲ့သည်။ ထိုတွင် ရဲ ဝတ်စုံ ဝတ်ဆင်ထားသူသုံးဦးနှင့် အခြားအရပ်သားများ ကားအနီးသို့ ရောက်ရှိလာပါသည်။ ထို့နောက် အကြံပြုချက်ကို ကျွန်မက ပြန်ပြောပြရာ ဂျာကင်အပြာရောင်၊ ဘောင်းဘီအပြာရောင်၊ မျက်မှန်အမဲ ဝတ်ဆင်ထားသူက “နေပူထဲမှာ လဲကျပြီး သေသေ၊ သေရင်လည်း ဆွဲချမယ်”ပြောပြီး ကျွန်မတို့ကားကို မြို့ထဲမဝင်ရဘူး လှည့်ပြန်ဟု ပြောရာတွင် ကျွန်မနှင့် စကားအချေအတင်များပြီး ပြသာနာစတက်ခဲ့ပါသည်။ (ထိုသူက ကျွန်မတို့က အစစ်ဆေးမခံချင်လို့ အကြံဥာဏ်တွေ လျှောက်ပေးနေတယ်လို့ သူ ထင်သွားပုံ ရပါတယ်)

Videoဖိုင်အရ ကျွန်မတို့သည် ကျန်းမာရေး စစ်ဆေးချက်ကို မခံယူဘဲ ရှောင်တိမ်းခြင်းဖြင့် ပြသာနာတက်သည် မဟုတ်ပါ။ အကြောင်းအရာ နားလည်မှု လွဲမှားခြင်းကြောင့်သာ ဖြစ်ပါသည်။ ညနေပိုင်းတွင် သက်ဆိုင်ရာရုံးများတွင်လည်း တာဂန်ရှိသူများနှင့် တွေ့ဆုံဖြေရှင်းခဲ့ပါသည်။ ကျွန်မတို့ကို ကျန်းမာရေး စစ်ဆေးပေးသူကလည်း ကျွန်မတို့ စစ်ဆေးရေးခံခဲ့ကြောင်း ဝန်ခံပေးခဲ့ပါသည်။ နားလည်မှု လွဲသူ (ဂျာကင်အပြာ ဘောင်းဘီအပြာ မျက်မှန်အမဲတပ်သူ)ကလည်း ကျန်းမာရေးစစ်ဆေးခဲ့ပြီဖြစ်ကြောင်းကို မသိ၍ ပြောမိသည်ဟု သက်ဆိုင်ရာလူကြီးများရှေ့တွင် ပြန်လည် ပြောခဲ့ပါသည်။

ယခုဖြစ်စဉ်တွင် ကျွန်မတို့သည် ကျန်းမာရေးစစ်ဆေးခြင်းကို မခံယူဘဲ ရှောင်တိမ်းခြင်းကြောင့် ပြသာနာဖြစ်ခြင်းမျိုး လုံးဝ လုံးဝမဟုတ်ကြောင်းနှင့် နားလည်မှုလွဲသွားပြီး ဒေါသမထိန်းနိုင်ခြင်းတို့ကြောင့် စကားများပြသာနာဖြစ်ရခြင်းသာ ဖြစ်ကြောင်း အများပြည်သူသိအောင် တင်ပြပါသည်။ ကျွန်မတို့ဖုန်းကို ဆက်သွယ်လာသူများကိုလည်း တတ်နိုင်သလောက် ပြန်လည်ဖြေကြားပေးနေပါတယ်။ (အများပြည်သူကို အထိတ်တလန့်ဖြစ်စေပြီး စိတ်အနှောင့်အယှက်ပေးသလို ဖြစ်စေခဲ့တဲ့အတွက်လည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်။) covid-19ရဲ့ သံသယလက္ခဏာတွေလည်း ကျွန်မတို့မှာ မရှိတဲ့အတွက် စိတ်ချလို့ရနိုင်ပါတယ်ရှင်

From Zawlwinwahwah’s FB