ဗိုင်း ရပ်စ်ဆိုတာ သက်ရှိ အဂ်ါ မဟုတ်ပါ။ပရိုတိန်းမော်လီကျုး (RNA) တစ်ခုဖြစ်ပြီးအဆီလွှာနဲ့ ဖုံးအုပ်လျက်ရှိပါတယ်။အက်ကျုလာ၊ နာဆယ်လ်၊ (သို့)ဘတ်ကယ်မူကိုဆာ လို ဆဲလ်တွေကစုပ်ယူတဲ့အခါ သူတို့ရဲ့ မျိုးဗီဇတွေပြောင်းလဲသွားတယ်။ပတ်ဝန်းကျင် အပြောင်းအလဲ သက်ရောက်မှုဖြစ်တဲ့အခါ ဗိုင်းရပ်စ်ဟာ ထိစပ် တိုက်ခိုက်ကြပြီးတော့ ဆဲလ်တွေကို စံ အမျိုးမျိုးပြောင်းလဲစေပါတယ်။

ဗိုင်းရပ်စ်ဆိုတာ သက်မဲ့ ပရိုတိန်းမော်လီကျုး ဖြစ်တာကြောင့် သူတို့ကို သတ်လို့မရပါ။ဒါပေမယ့် သူတို့ကိုယ်တိုင် ပျက်းတတ်ပါတယ်။ ပျက်စီးနှုန်းကတော့ အပူချိန်၊စိုထိုင်းမူ နဲ့ သူတို့တွယ်ကပ်တဲ့အရာဝတ္ထုတွေအပေါ်မှာ မူတည်ပါတယ်။ဗိုင်းရပ်စ်ကို ဖုံးအုပ်ထားတဲ့အဆီလွှာဟာ ဆပ်ပြာမြှပ်မှာ ပျော်ဝင်သွားတဲ့အခါ ဗိုင်းရပ်စ် မော်လီကျုးတစ်ခုလုံးပျက်ဆီးသွားပါတယ်။

အပူချိန်ကလည်း အဆီလွှာကို အရည်ပျော်စေပြန်ပါတယ်။ ဒါ့ကြောင့် လက်ဆေးတဲ့အခါ ဖြစ်ဖြစ် အဝတ်တွေလျှော်ရာမှာပဲဖြစ်ဖြစ် ရေရဲ့အပူချိန် က၂၅ ဒီဂရီ စင်တီဂရိတ်ကျော်ရင် ပိုကောင်းပါတယ်။ ရေပူဟာ အမြှပ်ပိုထ စေသလို ဗိုင်းရပ်စ် အဆီလွှာကိုလည်း ပျော်ဝင်စေလို့ အရမ်း အသုံးဝင်ပါတယ်။အရက် သို့ အရက်ပျံ ၆၅ ရာခိုင်နုန်းအထက် က မည်သည့်အဆီမဆို ပျော်ဝင်စေနိုင်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ် မော်လီကျုးကို ဖုံးအုပ်ကာကွယ်ထားတဲ့ အဆီလွှာကိုဖျက်ဆီးနိုင်ပါတယ်။

ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် လို အစွန်းချွတ်ဆေးကို ရေမှာ ၅ပုံတစ်ပုံခန့် ရောစပ်ခြင်းဖြင့် အသုံးပြုရင်လည်း ဗိုင်းရပ်စ် အကာ အဆီလွှာကို ပျက်ဆီးစေမှာ ဖြစ်ပါတယ်။အောက်ဆီဂျင်ပေါင်းထည့်ထားသည့်ရေသည် ဆပ်ပြာ အရက်ပျံနဲ့ အစွန်းချွတ်ဆေးတွေပြီးရင် ရေရှည်မှာ အကျိုးရှိပါတယ်။ဘာကြောင့်လဲဆိုရင် ပါရ်အောက်ဆိုဒ် ကလည်း ဗိုင်းရပ်စ် အဆီလွှာကို ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် သူ့ချည်း မရောစပ်ပဲ သုံးရတာမို့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ကိုဗစ်ဗိုင်းရပ်စ်က သက်ရှိအဂ်ါ မဟုတ်သည့်အတွက် မည်သည့် ပဋိဇီဝ ဆေးဝါး မှ သုံးမရပါဘူး။

အသုံးပြုပြီးသား သို့ အသုံးမပြုရသေးသော အဝတ်တွေ စောင်တွေကို ခါရမ်းခြင်း လုံးဝ မလုပ်ရပါ။ သေးငယ်တဲ့ ဗိုင်းရပ်စ် ဟာ အဝတ်တွေရဲ့ မျက်နှာပြင်မှာ ကောင်းစွာ တွယ်ကပ်နိုင်ပါတယ်။ဗိုင်းရပ်စ်ဟာ၁။ အမျှင်တွေ မျက်နှာပြင် အပွတွေမှာ၃နာရီ၂။ သစ်သားနဲ့ ကြေးပြားမှာ ၄နာရီ၃။ ဗီဒိုတွေ ကြောင်အိမ်တွေထဲမှာ ၂၄နာရီ၎။ သံတွေ သတ္တုတွေ အပေါ်မှာ ၄၂ နာရီ၅။ ပလတ်စတစ် အပေါ်မှာ ၇၂ နာရီအထိ မပျက်ဆီးပဲ ရှိနေနိုင်ပါတယ်။

.
အကယ်၍ အဝတ်တွေကို ခါရမ်းမိရင် ဖြစ်စေ (သို့) ဘရပ်နဲ့ တိုက်ချပြစ်ရင် ဖြစ်စေ ဗိုင်းရပ်စ်က လေထဲမှာ သုံးနာရီခန့် ပျံ့ဝဲနေနိုင်ပြီး သင့်နှာခေါင်းမှတစ်ဆင့် ဝင်ရောက်တွယ်ကပ်နိုင်ပါတယ်။ဗိုင်းရပ်စ်ဟာ အပြင်ပိုင်း အေးတဲ့အခြေအနေ၊ အိမ်နဲ့ ကားအဲယားကွန်း တွေမှာ အလွန်တည်ငြိမ်စွာ ရပ်တည်နေနိုင်ပါတယ်။ရေငွေ့တွေမှာလည်း တည်ငြိမ်စွာနေနိုင်ပါတယ်။ အထူသဖြင့် အမှောင်ကျနေရာတွေလည်း တည်ငြိမ်စွာ နေနိုင်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ် အမြန်ပျက်ဆီးစေချင်ရင် စိုစွတ်မနေစေရန် ခြောက်သွေ့ရန် နွေးထွေးရန် အလင်းရောင် ရရှိနေစေရန် လိုအပ်ပါတယ်။ခရမ်းလွန်ရောင်ခြည် ကျရောက်သော အခါ အရာဝတ္ထုပေါ်တွင် ရှိနေသော ဗိုင်းရပ်စ်ကို ပျက်ဆီးစေပါတယ်။ ဥပမာ နေပူထဲ၌ အသုံးပြုပြီး နှာစည်းကို ပြန်သုံးလို့ ရတာမျိုးပါ။ ဒါပေမယ့် အရေပြားကို ပျက်ဆီးခဲ့တဲ့ ဗိုင်းရပ်စ် တွယ်ကပ်နေမှာကိုတော့ သတိထားစရာပါ။

ဗိုင်းရပ်စ်က အရေပြားကို ဖောက်မဝင်နိုင်ပါ။ရှာလကာရည် အသုံးမဝင်ပါ။ ဗိုင်းရပ်စ်ရဲ့ အကာဖြစ်တဲ့ အဆီလွှာကို မဖျက်ဆီးနိုင်လို့ ဖြစ်ပါတယ်။လေဝင်လေထွက်နည်းလေလေ ဗိုင်းရပ်စ် ပိုပွါးမျးနိုင်လေလေ ဖြစ်ပါတယ်။အစာမစားခင်နဲ့ စားပြီး၊ သော့တွေ လက်ကိုင်ဘုတွေ မီးခလုတ်တွေ ရီမုတ်တွေ ဖုန်းတွေ နာရီတွေ ကွန်ပျုတာတွေ စားပွဲခုံတွေ တီဗွီတွေ အစရှိသည်ဖြင့် ပစ္စည်းတွေ ကိုင်တွယ်အပြီးနဲ့ ရေချိုးခန်း အသုံးပြုအပြီးမှာ လက်ဆေးရပါမယ်။လက်သည်းများကို အမြဲတမ်း ညှပ်ခြင်းဖြင့်လည်း ဗိုင်းရပ်စ် ခိုအောင်းမှုမှ ကာကွယ်နိုင်ပါတယ်။

-JOHNS HOPKINS HOSPITAL
လေးစားစွာဖြင့် ခရစ်ဒက် ……Diane S Smithဂျွန် ဟော့ပ်ကင်း တက္ကသိုလ် ဆေးရုံမှ