ဟောင်ကော င်မှာ ကြောင်တစ်ကောင်ကို Quarantine ထားရပါတယ်။ လူကနေ ကြောင်ကို Covid-19 ကူးခဲ့လို့ဖြစ်ပါတယ်။ ဒါဟာ ဘယ်ဂျီယံမှာ ကူးစက်မှုအပြီးမှာ ဒုတိယမြောက်ကူးစက်တာတွေ့တဲ့ကြောင်ဖြစ်ပါတယ်။

သူ့ပိုင်ရှင်မှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 Positive ဖြစ်နေတာကနေ ကြောင်ကို ကူးသွားတာပါ။ ကြောင်မှာ အခုထိ ကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှုရခက်တာ မတွေ့သေးပါ။

ကြောင်ရဲ့ ခံတွင်း၊ နှာခေါင်းနဲ့ ဝမ်းကနေ နမူနာယူ စစ်တာမှာတွေ့ခဲ့တာပါ။ အရင်က ဟောင်ကောင်မှာ ခွေး ၂ ကောင်မှာလည်း Positive တွေ့ဖူးပါတယ်။

အခုလို ရှင်းပြရတာက အိမ်မွေးတိရိစ္ဆာန်တွေမှာ ပြန့်နေသယောင်ယောင် သတင်းတွေ ဖြန့်ပြီး လုပ်စားကြမှာ စိုးလို့ပါ။

ဒီဗိုင်းရပ်စ်ဟာ လူဆီရောက်ဖို့ ကြားခံလိုပါတယ်။ သိပ္ပံပညာရှင်များက အပြိုင်အဆိုင်ရှာဆဲပါ။

ကြောင်နဲ့ ခွေးထောင်နဲ့ချီပြီး Test လုပ်ခဲ့သော်လည်း အခု Case 4 ခုမှလွဲ၍ Positive မတွေ့ရပါ။

ကြောင်မှာ သပ်သပ် Feline Coronavirus ရှိပါတယ်။ အခုဖြစ်နေတဲ့ Covid-19 Virus နဲ့ မတူပါ။ ပြောရင်ရှည်မှာမို့ အသေးစိတ်မပြောတော့ပါ။

“အခုချိန်ထိ အိမ်မွေးတိရစ္ဆာန်တွေဟာ ရောဂါသယ်ဆောင်သူတွေအဖြစ် အထောက်အထားမတွေ့သေးပါ။”

အိမ်မွေးတိရစ္ဆာန်ကနေ လူကို Covid-19 ကူးတဲ့ အထောက်အထားမတွေ့သေးပါကြောင်း အသိပေးအပ်ပါတယ်။

Richard Myo Thant