ရေ ဗက္ကာဝင်းလို့ဆိုလိုက်တာနဲ့ အသံချိုချိုလေးနဲ့ သီချင်းတွေဆိုလေ့ရှိတဲ့ နာမည်ကျော်အဆိုတော်တစ်ယောက်ကို သတိရကြမှာပါ။ အခုအချိန်မှာပရိသတ်တွေနဲ့ ဝေးကွာနေသလိုဖြစ်နေပေမဲ့ ပရိသတ်တွေရင်ထဲမှာ စွဲနေခဲ့ဖူးတဲ့သီချင်းကောင်းများစွာကို သီဆိုခဲ့ဖူးသူပါ။တစ်ကိုယ်တော်ခွေမထွက်ရှိခဲ့ဖူးပေမယ့်လည်း လျှမ်းလျှမ်းတောက်နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

အခုဆိုရင်တော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာတာဖြစ်ပြီး သိပ်မကြာသေးခင်က ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲပြတ်စဲခဲ့တာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါသေးတယ်။ ဒီနေ့မှာလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “နောက်ကျောကို ဓားထိုးခံရတာ ခုဆို 15နှစ်လောက် ရှိပြီလေ” လို့ ရေးသားထားတာပါ။ ဒီလိုရေးသားထားတာကြောင့် ပရိသတ်တွေက စိုးရိမ်ခဲ့သလို အားပေးစကားတွေလည်းဆိုခဲ့ကြပါတယ်။

နောက်ကျောဓားနဲ့ထိုးခံရတဲ့ အဖြစ်မျိုးကိုတော့ ဘယ်သူမှကြုံချင်မှာ မဟုတ်ပါဘူး။ဒါပေမဲ့လည်း ဒီလိုကြုံခဲ့ရပေမဲ့ ဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ကို ကြိုးစားရမှာပါ။ ရေဗက္ကာဝင်းနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကအားပေးနေတုန်းဖြစ်သလို သီချင်းအသစ်တွေထွက်ရှိလာတဲ့အခါမှာလည်း အားပေးကြဦးမှာအမှန်ပါပဲနော်…

Source : RebeccaWin
Credit-CeleGabar