နိုင် ငံကျော်အဆိုတော်ကြီး ဦးအောင်ရင်ဟာ လက်ရှိမှာ Covid-19 ရောဂါ ကူးစက်ခံရတဲ့ လက္ခဏာတွေကို ခံစားနေခဲ့ရကာ ရောဂါပိုးလည်းတွေ့ရှိထားတာဖြစ်ပါတယ်။ သူကတော့ COVID-19 ရောဂါပိုးတွေ့ရှိသူတွေရဲ့ ဖြစ်နိုင်ခြေတွေကိုတော့ “ကျနော်တို့ ဘိလပ်က သမားတော် ဒေါက်တာ သက်ကိုကို တင်တဲ့ပိုစ့်ပါ ကျနော့်ကို Covid 19 positive ဖြစ်နိုင်ကြောင်းပြောတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ် မြန်မာပြည်ကအမျိုးတွေလည်း သိစေချင်လို့ ဒီပို့စ်ကိုတင်ပါတယ်ခင်ဗျ

ရောဂါ အကူးခံရသူထဲက (81%) mild symptoms- ( တုတ်ကွေးလိုခံစားရမယ် ) အိမ်မှာနေရင်းသူ့အလိုလိုရောဂါပျောက်ပါတယ်။ အများသူငါမကူးအောင် အိမ်မှာ နေပေးရပါမယ်။ (14 %) severe symptoms- ( အသက်ရှုမဝဖြစ် ) ဆေးရုံတက်ရပါမယ်။ supportive care ကုသခံရပါမယ်။ (5%) critical- ICU တင်ရပါမယ်။ (5%) ICU တင်တဲ့ အထဲ က (86%) သေပါတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားတာလည်း ဖြစ်ပါတယ်။ ဦးအောင်ရင်တစ်ယောက်ရောဂါပိုး ကူးစက်ခံရမှုကြောင့် ပရိသတ်တွေက စိုးရိမ်နေပေမယ့် သူ့ရဲ့ရောဂါအခြေအနေကိုတော့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးကို စိုးရိမ်စရာမရှိတဲ့ COVID-19 minor symptom သာဖြစ်တာကြောင့် တစ်ရက် နှစ်ရက်ဆို ပြန်ကောင်းပါပြီးလို့ ပြောခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော် အဆိုတော် ဦးအောင်ရင်ဟာ COVID-19 ရောဂါ ကူးစက်ခံနေရပေမယ့် ဇနီးဖြစ်သူကတော့ ကူးစက်မှုမရှိဘဲ ဦးအောင်ရင်ဟာလည်း မကြာခင်ပြန်လည်ကောင်းလာတော့မှာဖြစ်ပါတယ်။ ပရိသတ်ကြီးရော ရောဂါပိုး ကူးစက်သူရဲ့ (၈၁%)ဟာ mild symptoms- ( တုတ်ကွေးလိုခံစားရမယ် ) အိမ်မှာနေရင်းသူ့အလိုလိုရောဂါပျောက်ပါတယ်တဲ့။