ပ ရိသတ်ကြီးရေ မေမြင့်မိုရ်ဟာဆိုရင်ဖြင့် Star Awards (2018) Rising Star ဆုကို ရရှိထားသူတစ်ယောက်ပါ။ ယောကျာ်းလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်တဲ့အပြင် အခု(၂၀၁၉)ရဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိမယ်လို့ ပရိသတ်တွေရဲ့ မှတ်ချက်ပေးခြင်းခံနေရတဲ့သူပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ပန်းနုသွေး အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပဲဖြစ်ပါတယ်။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း စုစုလှိုင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း အစော ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးဆိုလည်း မမှားပါဘူးနော်။ ဒါ့အပြင် ပျောက်ဆုံးနေသောအမှန်တရားဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေ သသဘောကျခဲ့ရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ” ကြောက်စရာကောင်းလိုက်တာ အိမ်မှာခြံတံခါးပိတ်ထားလို့ပဲ တော်တော့တယ်။သူခိုးတွေ ဆိုင်ကယ်နဲ့ ကိုလာခိုးတယ်။တန်ဖိုး မရှိတဲ့အရာလည်း ရှိတာလာခိုးကြတယ် မလွယ်တော့ဘူး ” ဆိုတဲ့စာလေးနဲ့ သူမရဲ့ My Day မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း အခုလိုအချိန်မှာ သတိဝီရိယနဲ့နေဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Crd:CeleConnection