အမေ ရိကန်နိုင်ငံတွင် မတ်လ ၃၀ ရက်နေ့က တရက်တည်း ထပ်မံကူးစက်ခံရသူ ၂၀၃၅၃ ဦးနှင့် သေဆုံးသူ ၅၃၇ ဦးရှိရာ တစ်ရက်အတွင်း စံချိန်တင် ကူးစက်မှုနှင့် သေဆုံးမှု ဖြစ်လာသည်။

အမေရိကန်နိုင်ငံအတွင်း မတ်လ ၂၂ ရက်နေ့မှ ယနေ့အထိ အသစ်ထပ်မံကူးစက်နှုန်းသည် နေ့စဉ်မြင့်တက်လျက်ရှိပြီး လက်ရှိအချန်တွင် ကူးစက်ခံရသူဦးရေ ၁၆၄၂၅၃ ဦး တရုတ်နိုင်ငံ၏ ကူးစက်သူဦးရေထက် နှစ်ဆ ဖြစ်နေပြီး သေဆုံးသူ ၃၁၆၅ ဦးအထိ မြင့်တက်လာပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကုတင် ၁၀၀၀ ဆန့် အမေရိကန်ရေတပ်ဆေးရုံသင်္ဘောကြီး နယူးယောက်ကို ရောက်ရှိလာပါတယ်။

နယူးယောက်ရှိ ဆေးရုံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေနဲ့ ပြည့်နက်နေတာကြောင့် တာဝန်ရှိသူတွေက ကျန်းမာရေး စောင့်ရှောက်မှုအတွက် စေတနာ့ဝန်ထမ်းတွေကို ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ အများဆုံးနိုင်ငံ ဖြစ်လာပြီး နောက်ထပ်ဗိုင်းရပ်စ်ကူးစက်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်လည်း ရှိနေပါတယ်။

အမေရိကန်နိုင်ငံသား တစ်သန်းကျော်ကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ အချိန်မြှင့်လုပ်ဆောင်နေပေမယ့် အီတလီ၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေထက် ဗိုင်းရပ်စ်ကူးစက်မှုတွေ ပိုများလာခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း ဆေးရုံတက်ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂ ဆ နီးပါးထိ မြင့်တက်လာပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရတဲ့ လူနာ ၃ ဆနီးပါး တိုးလာခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး Gavin Newsom က ပြောကြားခဲ့ပါတယ်။ အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို တားဆီးနိုင်ဖို့အတွက် ပြည်သူလူထုကို ဧပြီလကုန်ထိ နေအိမ်မှာသာ နေထိုင်ကြဖို့ အကြံပြု တိုတ်တွန်းခဲ့တယ်လို့ သိရပါတယ်။

Credit-Blacker