Video ဖိုင်ကို အောက် ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )မြန်မာနိုငံရဲ့ အကြီးမားဆုံး အဆိုပြိုင်ပွဲဖြစ်တဲ့ Myanmar Idol Season 4 ဟာ အခုဆိုရင်တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းလာပြီဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၄ ဦးသာကျန်ရှိတော့သော်လည်း Wildcard Winner အဖြစ် တန်ခွန်ကျော် လည်း ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က အဆိုပါပြိုင်ပွဲဝင် ၄ ဦးနဲ့ Wildcard Winner တို့ဟာ သီဆို ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီသီဆိုယှဉ်ပြိုင်မှုမှာတော့ ယခု Season မှာ နာမည်ကြီးနေတဲ့ အက်စတာ တစ်ယောက် အနည်းငယ်လွဲချော်ခဲ့ရပါတယ်။

သူမဟာ အဆိုပါ လွဲချော်မှုနဲ့ပတ်သတ်ပြီး အင်တာဗျူးမှာ ယခုလို ဖြေခဲ့ပါတယ်။ သူမရဲ့ နားကြပ်မှာ အမှားအယွင်းလေး အနည်းငယ်ရှိခဲ့တာကြောင့် ဝင်ရမယ့် နေရာမဟုတ်သေးတဲ့ အချိန်မှာ အဝင်ဆိုခဲ့မိပါတယ်။ ဒါ့ကြောင့်လည်း သူမဟာ သူမ မှားခဲ့တာကို ပြောပြခဲ့ပါတယ်။ ဒီသီချင်းကိုလည်း အခါခါ တိုက်ထားတဲ့အတွက် ယခုအမှားက သူမရဲ့ ခြေချော်လက်ချော်ဖြစ်ခဲ့တဲ့ အမှားလို့ ဆိုပါတယ်။

ယခုလို မထင်မှတ်ထားတဲ့ အမှား တစ်ခုအတွက်ကြောင့် အက်စတာလေးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူမရဲ့ Fans တွေဟာလည်း သူမကို ဆက်လက် အားပေးလျက်ရှိတယ်လို့ သိရပါတယ်။ ပရိတ်သတ်ကြီးရေ အမှားနဲ့မကင်းတဲ့ လူသားဖြစ်လို့ အက်စတာလေးကို အားပေးလိုက်ကြပါဦးနော်………..။
Writer- ME(Shwe Yaung Lan)Video Source : Cele Gabar