လတ် တလောမှာတော့ မြန်မာနိုင်ငံရဲ့ Rapper တွေကြား လုပ်နေတဲ့ COVID-19 ရောဂါပိုးနဲ့ ပက်သတ်တဲ့ ပညာပေးအကြောင်းအရာနဲ့ ပက်သတ်ပြီး သီချင်းစပ်ဆိုတဲ့အပေါ်မှာတော့ နိုင်ငံကျော် Rapper တွေဖြစ်တဲ့ ယုန်လေး ၊ G Fatt ၊ X Box နဲ့ ရန်ရန်ချမ်း တို့ကတောင် ချီးကျူးစကားဆိုထားရတဲ့ မန္တလေးမြို့ မှ Rapper မင်းဇက်ရဲ့ ဗီဒီယိုဖိုင်ကတော့ ကြည့်ရှုသူ(၄)သိန်းကျော်သွားကာ ဗီဒီယိုဖိုင်ကို ပြန်လည်ဝေမျှသူ (၃)သောင်းကျော်သွားပြီလည်းဖြစ်ပါတယ်။

မင်းဇက်ကတော့ အခြေခံလူတန်းစားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တာပြီး မိခင်ဖြစ်သူရဲ့ ရင်ဆိုင်နေရတဲ့ အကြွေးတွေကို ကူဆပ်ပေးရမှာမို့ လက်ရှိကြံတွေ့နေရတဲ့ COVID-19 ရောဂါကပ်ပိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရင်တောင် အလုပ်မနားနိုင်ပဲ အိမ်မှာရှိတဲ့ မိသားစုဝင်(၈)ယောက်အတွက် ရှုန်းကန်ကြိုးစားရမယ့်အကြောင်းကို နားထောင်သူတိုင်း မျက်ရည်လည်အောင်ရေးဖွဲ့သီဆိုခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့Rap တွေကို နားထောင်ပြီး ရင်ထဲထိခဲ့တဲ့ နိုင်ငံကျော်အဆိုတော် ယုန်လေးရဲ့တတ်နိုင်တဲ့ ဘက်ကနေ ငွေ(၁)သိန်းတိတိ လှူလိုက်တာကြောင့် မင်းဇက်ကတာ့ ရတဲ့ငွေတွေကို မိချင်ဖြစ်သူကိုကန်တော့ လိုက်တဲ့အကြောင်းကို “အမေ့ကို ကန်တော့လိုက်ပြီ ကိုယုန် ရေ ကျေးဇူးအထူးတင်ပါတယ်ဗျာ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူလက်ရှိကိုင်နေတဲ့ ဖုန်းဟာ တော်တော်လေးမကောင်းတော့တာကြောင့် မန္တလေးမှ စေတနာရှင်တစ်ဦးကလည်း ဖုန်းလက်ဆောင်ပေးတဲ့ အကြောင်းကို “Phone လက်ဆောင်ပေးတဲ့Shine Mobile က ကို Shine KhantLynn လည်းကျေးဇူးတင်ပါတယ်ဗျာ အကိုတို့ စေတနာတွေများတော့ အားတောင်နာမိတယ်” လို့ ပြောထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးလည်း နိုင်ငံကျော်အနုပညာရှင်တွေကပါ ချီးကျူးရတဲ့ မန္တလေး Rapper မင်းဇက်ရဲ့ COVID-19 ရောဂါပိုးနဲ့ ရင်ဆိုင်ရင် အခြေခံလူတန်းစားတွေကြုံတွေ့ရမယ့် အကြောင်းတွရေးစပ်သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို နားဆင်ခံစားလို့ရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်။

Source: Min Z
DarDar-CeleGabar