ရွှေ ဘိုခရိုင် ဝက်လက်မြို့ နယ်တွင် ၁၄ ရက်ကြာ အသွားအ လာ ကန့်သတ်ထားသူတစ်ဦး ထွက်ပြေးသဖြင့် အမှုဖွင့်ထား ကြောင်း ယင်းမြို့နယ်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် (ဝက်လက်မြို့နယ် COVID-19 ရောဂါ သတင်းအမှန်ပြန်ကြား ရေးကော်မတီဥက္ကဋ္ဌ) ဦးစိုးဝင်း ထွန်းက ပြောသည်။

ဝက်လက်မြို့နယ် သစ်စိမ့် ကြီးကျေးရွာ အထက်တန်း ကျောင်း၌ ၁၄ ရက်ကြာအသွားအ လာကန့်သတ်ထားသော အသက် (၂၀) အရွယ် အမျိုးသားသည်ကန့် သတ်ထားသည့်နေရာမှ ထွက် ပြေး၍ မတ်လ ၂၉ ရက်က ဝက် လက်မြို့ မြို့မရဲစခန်းတွင် ၂၀၁၃ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့်ခဲ့သည်။

‘‘သူက ထိုင်းနိုင်ငံကနေ ၂၇ ရက်က ပြန်ရောက်ပြီး ၂၈ ရက် နေ့မှာ ထွက်ပြေးတာ။ ၃၀ ရက် နေ့မှာ ဖမ်းမိတာ။ ထွက်ပြေးတဲ့သူ ကို စဥ့်ကူးမြို့နယ်လက်ပံလှရွာက သူ့ယောက္ခမအိမ်မှာ ပြန်မိတာပါ။ အခုလောလောဆယ် ဆရာဝန် ကြီးက အမှုဖွင့်ထားတာပါ။ သ ဘာဝဘေးဥပဒေနဲ့စွဲထားတာဖြစ် တဲ့အတွက် တိုင်းဒေသကြီးသဘာ ဝဘေးကော်မတီကို တင်ပြရဦးမှာ ပါ’’ဟု ဦးစိုးဝင်းထွန်းက ပြော သည်။

သတ်မှတ်ထားသည့် စောင့် ကြည့်နေရာတွင် မနေဘဲ အခြား သူများအား ဘေးအန္တရာယ်ဖြစ် စေတတ်သည့် ကူးစက်ရောဂါ ပြန့်ပွားနိုင်သည်ကို သိလျက်နှင့် ပေါ့လျော့စွာ ပြုလုပ်ခြင်းကြောင့် ဝက်လက်မြို့နယ် ဆရာဝန်ကြီးက ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ဦးစိုးဝင်းထွန်းက ပြောသည်။

ဝက်လက်မြို့နယ်တွင် COVID-19 ထိန်းချုပ်ကာကွယ် ရေး နေအိမ်၌ အသွားအလာကန့် သတ်ထားသူ ၁၃၅ ဦးနှင့် သီးခြား သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်ထားသူ ၉၈ ဦး ရှိသည်။

ဆဲဗင်းဒေး