ကျွန်တော် ရွံရှာ ခဲ့တဲ့ အဖေ့ရဲ့ ဖိနပ်စုတ်လေး တရန်

`မောင်ဇော်ဝင်း . . .ဧည့်သည်’

အဆောင်စာကျက်ခန်းမှာ စာကျက်နေတဲ့ကျနော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကိုထွက်လာခဲ့ တယ်.. ဧည့်ခန်းဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီးစုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကျနော်နှာခေါင်းရှုံ့လိုက်မိတယ်၊

ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင် ပြုံး​နေတဲ့အဖေ အဝတ်အစား ကလဲ ဖရိုဖရဲ.. `သား´အဖေသားအတွက် ငရုပ်သီးကြော်ရယ်

မြေပဲကြော်ရယ် မုန့်ဖိုးရယ်လာပို့တာလေ.. အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျ​နော်ကို ပြုံးကြည့်နေတယ်

အဖေရယ် လူကြုံနဲ့ပေးလိုက်ရော​ပေါ့ လာရင်လဲ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ . . . အခုဟာကစုပ်ပြက်နေတာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပျက်စုပ်ပြက်နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင်

သားသိက္ခာ ကျမှာပေါ့.. အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေတွေ့ချင်လို့ မန္တလေးဆင်းလာတာပါကွယ် နောက်လာရင်အဖေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သားကျန်းမာရေးဂရုစိုက်အုံး ခေါင်းငိုက်စိုက်နဲ့ပြန်သွားတဲ့အဖေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။

ဒီနောက်ပိုင်း အ​ဖေပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့..

အမနှစ်ယောက်ရှိပေမဲ့ ရွာမူလတန်းကျောင်းလေးမှာ (၄) တန်းအထိ ပညာသင်ခဲ့ရတာ အငယ်ဆုံးသား ကျနော်ကတော့ အလယ်တန်းကို မတ္တရာမှာထား (၉)တန်းအောင် (၁၀)တန်းရောက်တော့အဖေက ပညာတက်စေချင်သည့်အတွက် အ​မေတားသည့်ကြားက မန္တလေး ကဘော်ဒါတခုမှာ ​ ကျောင်းအိပ်ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်၊

ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီ အဖေကမန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည် အဖေကိုမေးတော့ အဖေ စိုက်ခင်း​တွေကို စိတ်မချလို့မလာတာတဲ့ အမတွေမျက်နှာမကောင်း..ဘာလို့လဲ မေးတော့ခရီးပန်းလို့တဲ့.. (၁၀)တန်းတွေစာမေးပွဲပြီးတော့ မကြီးလာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲသို့ ရောက်တော့ အဖေ အမေ သားပြန်လာပြီလေ

စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အမေက`သား´လို့အော်ရင် ပြေးဖက်ငိုပါလေရော မကြီးနဲ့မလေးလည်း ဝိုင်းဖ​က်ငိုကြတယ်လေ၊အာ့ကြမှ အမေအဖေရောဟင် သား မင်းအဖေ ပိုးထိလို့ဆုံးတာ(၁)လလောက်ရှိပြီကွဲ့.. `ဗျာ´ အဲ့တာ ဘာလို့ မပြောတာလဲ အမေ.. နင့်အဖေကမပြောရဘူးတဲ့ ငါ့သားစာမေးပွဲးအတွက် စိတ်အနှောင့်အယှက်ဖြစ်မယ်တဲ့

သားဘော်ဒါကြေးအတွက် မတ္တရာကသီနှံပွဲရုံက ငွေတွေထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ညဖက်နင့်အဖေ ငါးရှာရတယ်လေ . . . နင့်ပညာရေးအတွက် သူ့မှာအဝတ်အစားတောင်မဝယ်နိုင်ဘူး အစုပ်နဲ့ မိန်းမနဲ့သမီးအပျို (၂) ယောက် အတွက် ဦးစားပေးရသေးတယ်လေ

ဟိုမှာနင်အဖေစီးခဲ့တဲ့ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန်နောက်ကျသွားပြီးလေ အမေတို့အသက်မှီရုံလေး နောက်ဆုံးအသက်ငွေ့ငွေ့မှာ မှာသွားသေးတယ်..တကယ်လို့သူသေသွားရင် သားကို စာမေးပွဲပြီးမှပြောပါတဲ့ ပြီးတော့သားကိုဘွဲ့ရအောင်ထားပါလို့ မှာသွားသေးတယ်သားရယ် ဟင့် ဟင့်ဟင့်..၊

ကျနော်မျက်ရည်တွေကျရင်း ​နောင်တတွေနဲ့ ခေါင်ရင်းမှာ ထောင်ထားတဲ့အဖေ့ ဖိနပ်စုပ်လေး ရင်မှာပိုက်ရင်း အားရပါးရအော်လိုက်မိပါတယ် . . . `အဖေ

Credit to ကိုကိုဦး