ပ ရိသတ်တွေရဲ့ အချစ်တော် ဦးအောင်ရင်ကတော့ လတ်တလောမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး Covid-19 ရောဂါ ကူးစက်ခံရတဲ့ လက္ခဏာတွေကို ခံစားနေခဲ့ရကာ ရောဂါပိုးလည်းတွေ့ရှိထားပါသေးတယ်။ ဦးအောင်ရင်ကတော့ ရောဂါဝေဒနာတွေကို ခံစားနေရပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူကိုတော့ ကူးစက်ခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်။

အခု လို ဦးအောင်ရင်ရဲ့ စိတ်မကောင်းစရာ သတင်းကြောင့် ပရိသတ်တွေကတော့ ဦးအောင်ရင်ကို စိုးရိမ်ပူပန်နေခဲ့ကြတာတွေရှိနေကြပါတယ်။ ပရိသတ်တွေစိုးရိမ်နေကြတဲ့ ဦးအောင်ရင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ မောင်မောင်အေးက သူနဲ့ ဦးအောင်ရင် စကားစမြည်ပြောထားတာလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။

ဒီထဲမှာတော့ ဦးအောင်ရင်က ရောဂါကူးစက်ခံရပေမဲ့ ဆိုးဆိုးရွားရွားကြီးခံစားရတာမျိုးမရှိသလို မကြာခင်အချိန်မှာလည်း ပြန်လည်ကောင်းမွန်လာတော့မှာဖြစ်တယ်လို့ ပြောဆိုထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဦးအောင်ရင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက်တော့ ပျော်စရာ သတင်းကောင်းလေးတစ်ခုပါပဲနော်။

Chilli – CeleGabar
Source – Mg Mg Aye