အ ဆိုတော် အောင်လ ဟာဆိုရင် သူ့ရဲ့ကောင်းလွန်း လှတဲ့အသံပါဝါနဲ့ သီဆိုထားတဲ့ သီချင်းလေးတွေကြောင့် ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အဆိုတော် တစ်ဦးပဲ ဖြစ်ပါတယ်။ အောင်လ က ချစ်သူ ဝိုင်းစုခိုင်သိန်းနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဝိုင်းစုကတော့ အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့စတင်ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိခဲ့ပြီး လက်ရှိမှာတော့ အဆိုပိုင်းကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေပြီးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံကျော်အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “He broke up with me” ဆိုပြီး သူနဲ့ပြတ်ဆဲလိုက်ပြီးလို့ အဓိပ္ပာယ်ရတဲ့ စာသားတွေကိုတင်ခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်း စာတင်ပြီးမကြာမီမှာပဲ အဆိုတော်အောင်လဟာလည်း “I’m single again..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွက တော့ စနောက်နေတယ်လို့ ထင်ကြပြီး မစနောက်ဖို့ လည်း ပြောထားကြပါတယ်။ ဝါသနာတူ ပြီး တစ်ယာက်ကိုတစ်ယောက် နာလည်းမှုတွေနဲ့ လက်တွဲထားတဲ့ နိုင်ငံကျော်အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတိုံကတော့ တကယ်ပဲ လမ်းခွဲလိုက်ကြပြီးလား။

CeleGabar ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုအသီးသီးနဲ့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ကတော့ တကယ်လမ်းခွဲလိုက်ကြပြီးလား။ လူတိုင်းအာကျရတဲ့ သူတို့အတွဲလေးကို ချစ်တဲ့ ပရိသတ်တွေထင်သလို စနောက်မှုသက်သက် သာဖြစ်ပါစေကွယ်။

Source: Wine Su, Reodineius Aung La
DarDar-CeleGabar