တ ရုတ်နိုင်ငံ ၀ူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တစ်နိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ 81,470 နဲ့ သေဆုံးသူ အရေအတွက်စုစုပေါင်းဟာ 3304 ယောက်သာရှိတယ်လို့ တရုတ်အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်ထားပေမယ့် အမှန်တကယ်သေဆုံးသူအရေအတွက် ဟာ တရုတ်အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့သတင်းထက်အဆပေါင်းများစွာ ပိုများတယ်လို ဒေသခံတွေက ပြောခဲ့ကြောင်း England အခြေစိုက် Daily Mail သတင်းစာက ဖော်ပြလိုပါတယ်။

ဝူဟန်မြို့ဒေသခံတွေရဲ့ပြောကြားချက်အရ ၀ူဟန်တစ်မြို့ထဲမှာတင် သေဆုံးသူအရေအတွက်ဟာ ၄၂၀၀၀ အထိရှိတယ်လို့ဆိုပါတယ်။ ဒါဟာ တရုတ်အာဏာပိုင်တွေ အတည်ပြုထုတ်ပြန်ထားတဲ့ အရေအတွက်ထက် ၁၃ ဆ လောက်ပိုများတယ်လို့ ဆိုရမှာပါ။ ၀ူဟန်တစ်မြို့ထဲမှာတင်ဘဲ နေ့စဉ် ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူ အယောက် ၅၀၀ လောက်ရဲ့အရိုးပြာအိုးတွေကို မိသားစုဝင်တွေက ပုံမှန်နီးပါး လက်ခံရရှိခဲ့သလို အကျဉ်းချုံးပြီး ကျင်းပနေတဲ့ အသုဘအခမ်းအနားတွေဟာလဲ ၀ူဟန်မြို့ Lock Down ချထားစဉ်အတွင်းမှာ အများအပြားရှိနေတယ်လို့ ဒေသခံတွေက အတည်ပြုပြောကြားခဲ့ကြောင်း Daily Mail က ဆိုပါတယ်။

အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်သွားပြီလို့ တရုတ်အာဏာပိုင်တွေက ဆိုထားပြီး Lock Down ချထားခဲ့တဲ့ ၀ူဟန်မြို့ကိုလဲ အများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ရက်တွေနဲ့ပြန်လည်ချိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ကမ္ဘာမှာ အဆိုးရွားဆုံးခံစားနေရတာက အမေရိကန်နိုင်ငံဖြစ်လာပြီး အမေရိကန်မှာ ဗိုင်းရပ်ကြောင့် လူပေါင်း နှစ်သိန်းလောက် သေဆုံးနိုင်ပြီး ကူးစက်ခံရသူ သန်းပေါင်းများစွာ ရှိလိမ့်မယ်လို့ အစိုးရရဲ့ ဦးဆောင်ပညာရှင်တစ်ဦးက သတိပေးလာပါတယ်။
ထရမ့်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးက ဦးဆောင်ပညာရှင် ဒေါက်တာ အန်တိုနီဖူစီက သောကြာနေ့မှာ ကြိုတင်ခန့်မှန်း ပြောဆိုတာပါ။

“ကူးစက်ဖြစ်ပွားနေတာတွေကို ကြည့်ရင် သေဆုံးသူ တစ်သိန်းကနေ နှစ်သိန်းကြား ရှိမယ်လို့ ကျွန်တော် ပြောချင်တယ်။”လို့ ၎င်းက CNN သတင်းဌာနကို ပြောပါတယ်။
သတိဝိရိယရှိကြဖို့ကိုလည်း ၎င်းက တိုက်တွန်းပြောဆိုပြီး “ဒီ ဒုက္ခဆိုးကြီး ကြုံမှာ မျိုးကိုတော့ ကျွန်တော် မဖြစ်စေချင်ဘူး။ ဒါပေမယ့် ဦးတည်နေတာကတော့ ဒီအတိုင်းပဲ။”လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ကမ္ဘာမှာ အများဆုံးဖြစ်နေတဲ့ အမေရိကန်ဟာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ဖြစ်ပွားမှုရဲ့ ဗဟိုချက်ဖြစ်နေပြီလို့ ဒေါက်တာ ဖူစီက ပြောပါတယ်။

Ref; Daily Mail
Credit-Writer_HULK ( XYZ News )