အိမ္ တစ္အိမ္မွာ လာဘ္ပြင့္ အိမ္ေအးေအာင္ ဒါေတြ လုပ္ပါ

(1)- ဘုရားပန္း ႏွင့္ ေသာက္ေတာ္ေရ ဆြမ္း ဆီမီး အျမဲကပ္ပါ။ ဘုရားပန္း မႏြမ္းပါေစနဲ႔။ ဘုရားပန္းအိုးထဲမွ ေရမ်ား မပူပါေစနဲ႔။ ေသာက္ေတာ္ေရကို သတိရတိုင္းကပ္ပါ။

(2)- ဘုရားရွိခိုးလ်င္ အိမ္ေစာင့္နတ္ ၿခံေစာင့္နတ္ အိမ္ဝန္းအတြင္း မွီတင္းေစာင့္ေရွာက္ေနထိုင္ၾကေသာ နတ္ျမတ္နတ္ေကာင္းမ်ား ျမင္အပ္ မျမင္အပ္ သတၱဝါမ်ား အားလုံးကို ေမတၱာပို့ အမၽွေဝပါ

(3)- အလြန္ ကံညံ့ လာဘ္ပိတ္ေနလ်င္ ညသန္းေခါင္ ပရိတ္ရြတ္ပါ။ ည 12နာရီေနာက္ပိုင္းသည္ နတ္ျမတ္နတ္ေကာင္းမ်ား လူ႔ျပည္သို့လွည့္လည္ၾကည့္ရွုခ်ိန္ျဖစ္၍ ညဘက္ ပရိတ္ရြတ္ဖတ္ ဆုေတာင္းလ်င္ ပို၍ ဆုေတာင္းျပည့္ေစပါတယ္။

(4)- အိမ္မွာ အေဟာင္းအစုတ္ေတြ မထားပါနဲ႔။ အခ်ိဴ႕အိမ္ေတြမွာ ႏွေျမာၿပီး ထားတတ္ၾကတာေတြ ရွိပါတယ္။ ပုလင္းကြဲေတြ ဒန္အိုးေပါက္ေတြ အဝတ္အစားစုတ္ေတြ ဘယ္လိုမွ သုံးမရတာေတြ လႊတ္ပစ္လိုက္ပါ။ အိမ္မွာလိုအပ္တာေတြသာ အဓိက ထားပါ။

(5)- အိမ္ကို တံျမက္စည္းလွည္းလ်င္ နံနက္လွည္းလ်င္ အိမ္ေရွ႕မွ အိမ္ေနာက္သို့လွည္းပါ။ ညေနႏွင့္ညဘက္ လွည္းလ်င္ အိမ္ေနာက္မွ အိမ္ေရွ႕သို့လွည္းပါ။

(6)- မီးဖိုေခ်ာင္တြင္ ဆန္ႏွင့္ဆီကို အျပတ္မခံပါနဲ႔ ။မကုန္မီ ႀကိဳတင္၍ ဝယ္ပါ။

(7)- အိမ္ရွိ ေလွကားမ်ား က်ိဴးပ်က္ေနသည္ကို ျပဳျပင္ပါ။ ေလွကားမ်ား က်ိဴးပ်က္ေနျခင္းက လာဘ္တိတ္ေစသလို မေကာင္းေသာ အႏၲရာယ္မ်ားကို ဖိတ္ေခၚေစပါတယ္

သစ္တံခါးဆရာေတာ္

Unicode

အိမ်တစ်အိမ်မှာ လာဘ်ပွင့် အိမ်အေးအောင် ဒါတွေ လုပ်ပါ

(1)- ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး အမြဲကပ်ပါ။ ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်းကပ်ပါ။

(2)- ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ

(3)- အလွန် ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ပါ။ ည 12နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။

(4)- အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။

(5)- အိမ်ကို တံမြက်စည်းလှည်းလျင် နံနက်လှည်းလျင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ။ ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။

(6)- မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။မကုန်မီ ကြိုတင်၍ ဝယ်ပါ။

(7)- အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။ လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်

သစ်တံခါးဆရာတော်