ကို ရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ရှားရှားပါးပါး ဝမ်းသာစရာ သတင်းတစ်ခုကိုပြောချင်ပါတယ်။ ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တာ တရုတ်အပြင် ကိုရီယားလည်း ပါဝင်လာပါပြီ။ ကိုရီးယားဟာ အရင်ရက်တွေက ကမ္ဘာမှာ ကူးစက်မှု ဒုတိယ တတိယနေရာလိုက်နေရာကနေ ဒီနေ့ နောက်ဆုံးရ သတင်းအရ အဆင် ၁၁ ထိ ဆင်းသွားပါပြီ။

ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ စံချိန်တင် ၉၀၉ ယောက်ထိ ကူးဆက်ခဲ့ပြီး။ တောက်လျောက် ကူးစက်မှု တက်နေတာကနေ ပြီးခဲ့ တနင်္ဂနွေမှာ ၆၄ ယောက်ပဲ ကူးစက်မှု ရှိတော့ပါတယ်။ ၄၉၅၅ ယောက်မှာ နေပြန်ကောင်းသွားတာ ၄၈၁၁ ယောက်ရှိတဲ့ အထဲမှာ ၉၇ % သက်သာပျောက်ကင်းပြီး ၁၄၄ ယောက် သေဆုံးတဲ့ အတွက် ၃ % သာ သေဆုံးပါတယ်။

ရောဂါဖြစ်မှု ၇၃၆၂ ကနေ လက်ရှိ ရောဂါဖြစ်မှု ၄၆၆၅ ထိလျော့ချနိုင်ခဲ့ပါတယ်။ နေ့စဉ်ရောဂါဖြစ်မှု အရေအတွက်ထက်လည်း နေ့စဉ်ပြန်လည်သက်သာတဲ့ ဦးရေက များစွာ ကျော်လွန်သွာားပါပြီ။ နောက်ထပ် ထူးဆန်းတာ တစ်ခုက ကိုရီးယား တနိုင်ငံထဲပဲ နိုင်ငံကို lockdown လုပ်စရာမလိုပဲ ထိန်းချုပ်နိုင်တာပါ။ အခုဆိုရင် ပြင်သစ်ဝန်ကြီးချုပ်နဲ့ ဆွီဒင် ဝန်ကြီးချုပ်တို့က တောင်ကိုရီးယား ဝန်ကြီးချုပ် မွန်းထံဖုန်းဆက်ပြီး အကြံညဏ် ယူနေရပါပြီ။

အဓိကထိန်းချုပ်သွားနိုင်စေနိုင်တဲ့ သင်ခန်းစာ (၄) ချက်ကြောင့်ပါတဲ့

သင်ခန်းစာ (၁) ကူးစက်မှုတွေ မမြင့်မားချိန်မှာ အစိုးရက မြန်မြန်ဆန်ဆန် ကြားဝင်ကိုင်တွယ်ခဲ့ခြင်း ဇန်နဝါရီမှာ ပထမဆုံး case တွေထဲက အစိုးရတာဝန်ရှိသူတွေဟာ Chemical ကုမ္ပဏီတွေကို ခေါ်ပြီး Test kit တွေ မြန်မြန်ထုတ်ဖို့ ညွှန့်ကြားခဲ့တယ်။ ၂ ပတ်အတွင်းမှာပဲ ကူးစက်မှုက ၁၀ ဂဏ္ဏန်း အထက်ဖြစ်လာတဲ့ အချိန်မှာ တနေ့ကို Test kit တထောင်ကျော် ထုတ်နိုင်နေပြီး အခုဆို တနေ့ Test kit ပေါင်း တသိန်းကျော်ထုတ်နိုင်နေပါပြီ။ အခုဆို နိုင်ငံ ၁၇ နိုင်ငံကို တင်ပို့ဖို့ စတင်ဆွေးနွေးနေပါပြီ။

သင်ခန်းစာ (၂) စောစောစစ်ဆေးခြင်း ၊ မကြာခဏစစ်ဆေးခြင်း ကိုရီးယားဟာ တခြားနိုင်ငံများထက် များစွာ ပိုမိုတဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး နိုင်ငံ တဝန်းလုံးမှာ စစ်ဆေးမှုပေါင်း ၃ သိန်းကျော် လုပ်ခဲ့ပါတယ်။ တနိုင်ငံလုံး စစ်ဆေးတဲ့ စင်တာပေါင်း ၆၀၀ ကျော်ဖွင့်လှစ်ပြီး ပြည်သူတွေ အလွယ်တကူ စစ်ဆေးနိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ကားပေါ်က ဆင်းစရာမလိုပဲ စစ်နိုင်တဲ့ drive-through စင်တာပေါင်း ၅၀ ကျော် ဖွင့်ပေးခဲ့ပြီး နေရာမရွေး အချိန်မရွေး စစ်ဆေးပေးခဲ့ပါတယ်။ drive-through စင်တာတွေကြောင့် ကူးစက်မှု များစွာ လျော့ချနိုင်သလို စစ်ဆေးချိန်တစ်ခုဟာ ၁၀ မိနစ်ပဲ ကြာပါတယ်တဲ့။

သင်ခန်းစာ (၃) ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့သူများကို တောက်လျောက်ခြေရာခံလိုက်ခြင်း ၊ သူတို့ကို isolate လုပ်ထားပြီး စောင့်ကြည့် စစ်ဆေးခြင်း ကိုရီးယားဟာ MERS outbreak ဖြစ်ကတည်းက contact tracing လုပ်ခြင်း အတွေ့အကြုံများစွာ ရှိခဲ့ပါတယ်။ ကျမ်းမာရေး ဝန်ထမ်းတွေဟာ လူနာသွားလာခဲ့တဲ့ နေရာတွေရဲ့ ကင်မရာတွေ GPS data တွေ credit card ၊ ကားနဲ့ ဖုန်းတွေကနေ ခြေရာခံ လိုက်ခဲ့ကြပါတယ်တဲ့။
အဲဒီလို တစ်ဦးချင်း စစ်ဆေးနိုင်ဖို့ လူအများရဲ့ လုံခြုံရေးဟာ တဦးတယောက်ရဲ့ လုံခြုံရေးထက် ပိုမိုအရေးကြီးတယ် ဆိုတာ ပြည်သူကို ချပြခဲ့ပြီး ဥပဒေ တွေ မြန်မြန်ပြင်ဆင်ခဲ့ပါတယ်။

ကိုယ့်ရပ်ကွက်ထဲမှာ case တစ်ခု အသစ်ဖြစ်တိုင်း ဖုန်းတွေမှာ Alert တွေထည့်ထားပြီး အချိန်ပြည့် ပြည်သူကို သတိပေးနေပါတယ်။
ဖုန်း application တွေ website တွေကနေ ရောဂါရှင် ဘယ်ကနေ ဘယ်သွားခဲ့တယ် ဘာကားနဲ့ ဘာရထားစီးတယ် နှာခေါင်းစီး တတ်ထားလား မတတ်ထားလားက အစ သတင်ပို့နေပြီး သူနဲ့ ခရီးအတူ သွားခဲ့သူတွေက အလျင်အမြန်ရောဂါ စစ်ဆေးနိုင်ခဲ့ကြ isolate လုပ်နိုင်ခဲ့ကြပါတယ်။ ကွာရီတိုင်းလုပ်ရမဲ့သူကို ဖုန်း apps တွေနဲ့ စောင့်ကြည့်ခဲ့ကြပြီး။ မလိုက်နာတာနဲ့ USD ၂၅၀၀ လောက်ထိ တကြိမ်ကျူးလွန်တိုင်း ဖိုင်းတခါစီ ထိထိရောက်ရောက် ချခဲ့ကြပါတယ်တဲ့။ အရေးကြီးလူနာတွေအတွက် ဆေးရုံတွေ သီးသန့်ခွဲထားပြီး ကုတဲ့အတွက် သေဆုံးမှုက ရာခိုင်နှုန်းနဲ့ယှဉ်ရင် ကမ္ဘာမှာ အနည်းဆုံးပါတဲ့။

သင်ခန်းစာ (၄) ပြည်သူရဲ့ ပူးပေါင်းပါဝင်မှု

တွေ့တဲ့လူတိုင်း ကိုယ်အပူချိန်လိုက်တိုင်းနေယုံနဲ့ မလုံလောက်ပါဘူးတဲ့။ ပြည်သူကို အချိန်နဲ့ တပြေးညီ အကြောင်းကားနေဖို့လိုပါတယ် ဒုတိယ ကျမ်းမာရေး ၀န်ကြီး ကင်က ဆိုပါတယ်။ တီဗီချန်နယ်တွေကနေ ရထားဘူတာတွေကနေ Smart ဖုန်း alert တွေကနေ mask တွေတတ်ဖို့ လူတွေနဲ့ ခပ်ခွါခွါ social distancing လုပ်ဖို့ နေ့စဉ် ရောဂါကူးစက်မှု အခြေအနေ update တွေကို အချိန်တိုင်း ကြေငြာပေးနေပါတယ်။ လူတွေကို အဲဒီလို အသိပေးတဲ့ အတွက် လူတွေရဲ့ အစိုးရအပေါ်ယုံကြည်မှု မြင့်တက်လာခဲ့ပါတယ်။ ပြည်သူတွေရဲ့ အထိတ်တလန့် ဖြစ်မှုကိုလည်း လျော့ချေ့နိုင်ခဲ့ပါတယ်။

အခုဆို နိုင်ငံများစွာက ၁၅,၀၀၀ ကျော်သော အစိုးရအရာရှိတွေဟာ ကိုရီယားနိုင်ငံရဲ့ အောင်မြင်မှုနည်းလမ်းတွေကို စတင်လေ့လာပြီး ကိုယ့်နိုင်ငံမှာ ပြန်လည်အသုံးချဖို့ ကျိုးစားနေကြပါပြီ။ ကျနော်တို့နိုင်ငံကလည်း ကိုရီးယားနိုင်အောင်မြင်မှုနည်းလမ်းတွေကို detail lesson learn တွေလုပ်ဖို့လိုပါတယ်။ အချုပ်အားဖြင့် ဆိုရရင် ကျနော်နိုင်ငံက တာဝန်ရှိသူတွေဟာ ကမ္ဘာကြီမှာ အလျင်အမြန်ဖြစ်ပျက်နေတာကို မျက်ခြေမပြတ်ဖို့။ ရဲရင့်တဲ့ ဆုံးဖြတ်တွေမြန်မြန်ချဖို့။ ဥပမာ ဒီကပ်ဘေးကြီး ကျော်ဖြတ်ဖို့ ဆေးနဲ့ ဆေးကိရိယာတွေ ကျမ်းမာရေး ဝန်ထမ်းတွေအတွက် လုံလောက်တဲ့ PPE တွေလိုပါတယ်။ နိုင်ငံတော်ရဲ့ ငွေပမာဏတခုကို လွှတ်တော်မှာ မြန်မြန်ဆုံးဖြတ်ပြီး ဆေးနဲ့ ဆေးကိရိယာတွေ ကျမ်းမာရေး ဝန်ထမ်းတွေအတွက် လုံလောက်တဲ့ PPE တွေဝယ်ဖို့ လုပ်ရပါမယ်။ အလှူငွေ ထိုင်စောင့်နေလို့မရပါ။

အခုလို cases နည်းသေးတာတောင် ကျမ်းမားရေး ဝန်ထမ်းတွေဆီက PPE မလုပ်လောက်မှုက များစွာ အသံတွေ ထွက်လာပါပြီ။ သူတို့ဟာ ရှေ့တန်က စစ်သည်တော်တွေပါ။ သူတို့မှာ လုံလောက်တဲ့ အကာအကွယ်တွေ လက်နက်ကိရိယာတွေ လိုပါတယ်။ သူတို့တွေ အကျအဆုံးများလာရင် ခံတပ်ကျိုးပြီး ပြည်သူတွေဆီ ရောဂါကြီး မြန်မြန်ရောက်လာပါလိမ့်မယ်။ နောက်ပြီး ကွာရီတိုင်းလုပ်ရာမဲ့သူတွေကို စနစ်တကျစောင့်ကြည့်မှုတွေလုပ်ဖို့ မလိုက်နာတဲ့သူတွေ ကို စံပြအဖြစ်ထိထိရောက်ရောက် အပြစ်ပေးဖို့လိုပါတယ်။

ကိုရီယားဟာ စဖြစ်တာ ဇန်နဝါရီကနေ ဖေဖော်ဝါရီမှာ အမြင့်ဆုံးတက်ခဲ့ပြီး အခု ထိန်းသိမ်းနိုင်ဖို့ကို ၃ လကြာပါတယ်။ ချမ်းသာတဲ့နိုင်ငံ ပြည့်စုံတဲ့ infrastructures နဲ့ နောက်ဆုံးပေါ်နည်းပညာတွေ သုံးလို့ဒီလိုမြန်မြန် recover လုပ်နိုင်တာပါ။ ကျနော်တို့လို တတိယ နိုင်ငံတွေဟာ ဒီလိုကပ်ကို ဖြတ်သန်းဖို့ ၆ လကနေ ၁ နှစ်ထိ ကြာနိုင်ပါတယ်တဲ့။ အဲဒီကာလကို ဖြတ်သန်းဖို့ ခေါင်းဆောင်တွေ သတ္တိရှိတဲ့ ဆုံးဖြတ်ချက်တွေ မြန်မြန်ချဖို့။ ပြည်တွေ စည်းကမ်းလိုက်နာဖို့ စည်းလုံးဖို့ လိုပါတယ်။

သေချာတာ တစ်ခုကတော့ တရုတ်ပြီး ကိုရီယားပါ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်လာနိုင်တာ ကျနော်တို့အတွက် အလင်းရောင်ပါပဲ။ Hope ပါပဲ သတင်းကောင်းပါလို့ ဆိုရင်း The New York Times ရဲ့ ဆောင်းပါး တပုဒ်ဖြစ်တဲ့ “How South Korea Flattened the Curve” ကိုကိုးကား ဝေမျှပါတယ်။

Reference: “How South Korea Flattened the Curve” by The New York Times

From ရဲမင်း (29/3/2020)