ထို င်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကြောက်သဖြင့် အကျဉ်းသား ၁၀၀ ကျော် ထောင်မီးရှို့ကာ ထောင်ဖောက်ထွက်ပြေး…

၂၉.၃.၂၀၂၀ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် ပထမဆုံး Lockdown လုပ်သော ဘူလီလမ်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကြောက်သဖြင့် အကျဉ်းသား ၁၀၀ ကျော် ထောင်အတွင်းမီးရှို့ကာ ထောက်ဖောက်ထွက်မှု ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။

ဒီဖြစ်စဉ်ဟာ နေ့ခင်း ၁၁ နာရီ ၄၅ ဝန်ကျင်းမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး… ထောင်အုပ်ချုပ်သူတွေဟာ ရောဂါဖြစ်လာရင် သီးခြားထားဖို့ အကျည်းခန်းတွေကို ပြင်ဆင်နေတုန်းမှာ… ထောင်တစ်သက် လွတ်ရက်မရှိတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အကျဉ်းသား တွေက စတင်ဆူပူ ခဲ့ကြတာလို့ဆိုပါတယ်….

အကျဉ်းထောင်ထဲမှာ ကိုးရိုးနားဗိုင်းရပ် ကူးစက်ခံထားရတဲ့ လူမရှိပေမယ်… ထောင်တစ်သက် မလွတ်နိုင်တဲ့ အကျဉ်းသားတွေဟာ အဲဒီ ကောလဟာကို ဖြန့်ချိခဲ့ပြီး… ထောင်ကိုဖောက်ထွက် ဖို့ လူစုခဲ့ကြတာလို့ဆိုပါတယ်…

ထောက်ဖောက်ထွက်လားသော ထောင်သားများမှာ အနီးပတ်ဝန်းကျင် အပြစ်မဲ့ပြည်သူတွေရဲ့ အိမ်များကို ဝင်ဆီးပြီး ဓားစာခံလုပ် ဆူပူနေကြပါသည်။ လက်ရှိအချိန်တွင် ထိုင်းဘုရင့်တပ်မတော်က ဝင်ရောက်ထိမ်းသိမ်းနေပါတယ်။ သေနတ်သံများ ဆူညံနေပြီး အသေအပျောက်ရှိတယ်လို့ သိရပါသည်။

ရာနဲ့ချီတဲ့ ထောင်သားတွေဟာ ထောင်ထဲက ထိုင်ခုံပရိဘော်ဂတွေကို ရိုက်ချိုးခဲ့ကြပြီး… ပြူတင်းပေါက်တွေကို ရိုက်ခွဲကာ.. ထောင်ကို မီးရှို့ပြီး အကျည်းသား အချို့ထွက်ပြေးလွတ်မြောက်သွားပြီး ၇ ယောက်ကို ပြန်ဖမ်းမိထားတယ်လို့ Bangkok Post သတင်းစာက ရေးသားထားပါတယ်..

Credit-Blacker