အမေ ရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် (၁)နှစ်အောက်ကလေးတစ်ဦး စတင်သေဆုံးခြင်းနှင့် ကမ္ဘာတဝန်း နောက်ဆုံးအခြေအနေ….

မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 လူနာ (8)ယောက်ရှိပါတယ်။ မနေ့က အသစ်ထပ်မတွေ့ပါ။

🌎 ကမ္ဘာမှာ မနေ့က ပိုးတွေ့သူ 1 ရက်တည်း အသစ် 1 သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ကာ ယခု စုစုပေါင်း တွေ့သူ 662511 ယောက်ရှိပါပြီ။

အာစီယံဒေသအတွင်းအခြေအနေ…

🇸🇬 စင်ကာပူမှာ ရောဂါရှိသူအသစ် 70 ယောက် တွေ့ခဲ့ပါတယ်။ တွေ့ရှိတဲ့အထဲမှာ 42 ယောက်က ပြည်ပကအဝင် ကူးစက်မှုပါ။ စင်ကာပူမှာ စုစုပေါင်း 802 ယောက်ရှိသွားပါပြီ။

အသစ်တွေ့သူထဲမှာ မြန်မာအလုပ်ပါမစ်ကိုင် တစ်ယောက်ပါတာမို့ စင်ကာပူရှိ မြန်မာတွေကြားမှာ ကူးစက်မှု ရှိကောင်းရှိနေပြီဆိုတာ စိုးရိမ်စရာရှိလာပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာတို့ စင်ကာပူမှာ အချင်းချင်းတွေ့ဆုံခြင်း အိမ်လည်ခြင်းစတာတွေ ရပ်ပစ်ထားသင့်ပါတယ်။

Pre-school မှာတွေ့ရှိမှုဟာ အခု 26 ယောက်ရှိပြီဖြစ်ပြီး Dover court international school ကလည်း 1 ယောက်ထပ်တွေ့ပါတယ်။

မြန်မာပြည်က မိဘများ ကလေးကို အခုချိန်​ကျောင်းပိတ်တုန်းဆိုပြီး အိမ်ကို ကျုရှင်ခေါ်သင်ခြင်း၊ ကျုရှင်လွှတ်ခြင်း 1 လ လောက် ရပ်နားသင့်ပါတယ်။

စင်ကာပူရဲတပ်ဖွဲ့ထဲမှာ Covid-19 Positive 2 ယောက်တွေ့ပါပြီ။ စင်ကာပူစာတိုက်ဝန်ထမ်းတွေမှာလည်းတွေ့လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

🇱🇦 လာအိုမှာ 2 ယောက်ထပ်တိုးပြီး 8 ယောက် ဖြစ်သွားကာ မြန်မာကိုအမှီလိုက်လာပါတယ်။

🇮🇩 အင်ဒိုနီးရှားမှာ အသစ် 109 ယောက်တွေ့ပြီး သေဆုံးသူ 102 ယောက်ရှိပါပြီ။ တွေ့ရှိသူလည်း 1153 ယောက်ရှိပါပြီ။ အင်ဒိုနီးရှားဟာ ဒေသအတွင်း သေဆုံးမှု သိသိသာသာများတာ တွေ့ရပါတယ်။

🇲🇾 မလေးရှားမှာ တွေ့ရှိသူ 2320 အထိ ခုန်တက်နေပြီး အသစ် 159 ယောက်ထပ်တွေ့ကာ သေဆုံးသူ 27 ယောက်ရှိပါပြီ။ မလေးရှားက ကူးစက်သူတွေအထဲမှာ မင်္ဂလာဆောင်တစ်ခုကနေ ကူးစက်ပြန့်နှံ့မှုလည်းရှိခဲ့တာမို့ မင်္ဂလာပွဲများ ရွှေ့ဆိုင်းစေချင်ပါတယ်။

မြန်မာပြည်မှာ မနေ့ကပဲ မင်္ဂလာပွဲဖိတ်စာ ပျော်ရွှင်စွာလိုက်ဝေနေတာ တွေ့ရပါတယ်။ တိမ်ပြာပြာနေ့တစ်နေ့ လုပ်ရမယ့် အချိန်အခါ မဟုတ်တော့ပါ။ ဆွေမျိုးပြုတ်သွားနိုင်တာ သတိချပ်ကြပါ။

မလေးရှားမှာ ဆရာဝန်တစ်ယောက်ဟာ သူရော၊ သူ့မိန်းမအပြင် ကလေး 5 ယောက်မှာပါ Positive ဖြစ်နေပါတယ်။

မြန်မာပြည်ရှိ ကျန်းမာရေးဝန်ထမ်းများနဲ့ သူတို့မိသားစုများ အတွက် စိုးရိမ်မိပါတယ်။

🇹🇭 ထိုင်းမှာ 1245 ယောက်ရှိသွားပါပြီ။ 1 ယောက်ထပ်သေပါတယ်။ ထိုင်းမှာ ကူးစက်မှု Positive ရလဒ်တွေတွေ့လေ မြန်မာက ရင်ပူရလေပါပဲ။

ကျန်အာရှနိုင်ငံများ အခြေအနေ…

🇨🇳 တရုတ်က ပြည်တွင်းကူးစက်မှု လုံးဝကင်းစင်သလောက် ဖြစ်နေပါပြီ။

🇰🇵 မြောက်ကိုရီးယားဟာ ဒီလောက်ကမ္ဘာကြီးပြဿနာတက်နေချိန်မှာ ဂျပန်ပင်လယ်ထဲ ဒုံးကျည်ထပ်လွှတ်ကာ မီးမွှေးနေသေးပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ ဒုံးကျည် 2 လုံးလွှတ်ခဲ့ပြီး နောက်နေ့မှာ အမေရိကန်သမ္မတထရမ့် ဆီက ပူးပေါင်းဖို့စာရ၍ ဝမ်းသာကြောင်းပြောခဲ့ကာ ရေမှုတ်တစ်ဖက်၊ မီးစာတစ်ဖက်လုပ်နေပါတယ်။

🇮🇳 အိန္ဒိယမှာ ဂုရုတပါးကနေ လူပေါင်း 15000 လောက်ကို ရောဂါပြန့်နိုင်ခြေရှိနေပါတယ်။ ဂုရုကြီးဟာ နိုင်ငံခြားခရီးကပြန်လာအပြီးမှာ ရွာတွေလှည့်ပြီး ဓမ္မသဘင်ကျင်းပခဲ့တာမို့ လူ 2 သောင်းအထိ ရောဂါကူးမယ့်ဘေးဆိုက်နေပါတယ်။

🇯🇵 ဂျပန်မှာ အသစ်တွေ့နှုန်းပြန်ခုန်တက်လာပါတယ်။ 194 ယောက်အသစ်တွေ့ခဲ့ပြီး အခု စုစုပေါင်း 1693 ရှိသွားပါပြီ။

ဥရောပနိုင်ငံများအခြေအနေ…

ဥရောပမှာ အခြေအနေက ဆက်လက်ပြီးဆိုးဝါးနေဆဲပါ။

🇮🇹 အီတလီဟာ ရောဂါဖြစ်သူ 92472 နဲ့ တရုတ်ကို ကျော်တက်ပြီး အမေရိကန်ပြီးရင် ဒုတိယအများဆုံး နိုင်ငံဖြစ်လာပါတယ်။ အီတလီမှာ သေဆုံးသူ 1 သောင်းကျော်သွားပြီး ကမ္ဘာ့သေဆုံးသူရဲ့ 3 ပုံ 1 ပုံက အီတလီက ဖြစ်ပါတယ်။

🇪🇸 စပိန်ရဲ့သေဆုံးမှုကလည်း တရုတ်ထက်ကျော်သွားပြီး 6000 နီးပါးရှိပါပြီ။

အမေရိကန်အခြေအနေ…

🇺🇸 အမေရိကန်နိုင်ငံဟာဆိုရင် အခုအချိန်မှာ တရုတ်ကိုကျော်လွန်ပြီး ကမ္ဘာမှာ အကူးစက်ဆုံး နိုင်ငံ ဖြစ်သွားပါပြီ။ မနေ့က အသစ် 2 သောင်းနီးပါး အထိကြောက်ခမန်းလိလိ ထပ်တွေ့ရှိခဲ့ပြီး စုစုပေါင်း 1 သိန်း 2 သောင်းကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေတယ်။

အခုအမေရိကန်ပြည်ထောင်စုမှ COVID-19 ကြောင့် ပထမဆုံး ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါပြီ။ ပုံမှန်က 9 နှစ်အရွယ်အထိကလေးတွေမှာ သေဆုံးနှုန်း လုံးဝ မရှိခဲ့တာပါ။ သေဆုံးသွားတဲ့ ကလေးဟာ 1 နှစ်အောက်ကလေးဖြစ်တာမို့ အလွန့်အလွန်ရှားပါးတဲ့ ဖြစ်ရပ်ပါ။ အခုအခါမှာ ဘာကြောင့်ဖြစ်ရတာလဲဆိုပြီး အဖြေရှာနေကြပါပြီ။

တိုယိုတာကုမ္ပဏီဟာ အမေရိကားက ကားစက်ရုံတွေမှာ Mask တွေထုတ်ဖို့ အသည်းအသန် ပြင်ဆင်နေပါပြီ။

အာဖရိကအခြေအနေ…

🇰🇪 ကင်ညာနိုင်ငံမှာ ပြည်ပခရီးကပြန်လာတဲ့ ဘုန်းတော်ကြီးတစ်ပါးကနေ ရွာသားတွေကို ကူးစက်စေခဲ့လို့ ရွာသား 60 လောက်ခွဲခြားနေထိုင်နေရပါတယ်။

🇿🇦 တောင်အာဖရိကမှာ Lockdown အမိန့်ကိုမလိုက်နာလို့ စစ်တပ်က ရာဘာကျည်ဆန်နဲ့ မျက်ရည်ယိုဗုံးသုံးခဲ့ရပါတယ်။

အမိန့်မနာခံပဲ လမ်းသလားကြလွန်းလို့ တကိုယ်ကောင်းမဆန်ဖို့ ရဲတွေက သတိပေးခဲ့အပြီးမှာ ဖြစ်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံပေါင်း 199 နိုင်ငံ မှာတွေ့ရှိသူ ခြောက်သိန်း ခြောက်သောင်းကျော် ရှိသွားပါပြီ။

March 29 ရက်နေ့ ယနေ့မနက်သိရသမျှ COVID-19 အခြေအနေ ကိုဆက်ပါမယ်။

🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 662967 ယောက်၊ သေသူ 30851 ယောက်။ ပြန်ကောင်းသူ 141953 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 5% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 172804 မှာ 141953 ပြန်ကောင်းပြီး 30851 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 18% ရှိနေပါတယ်။

🇺🇸 အမေရိကန် တွေ့သူ 123428, သေသူ 2211, 19302 အသစ်တွေ့။

🇮🇹 အီတလီ တွေ့သူ 92472, သေသူ 10023, မနေ့က 5974 အသစ်တွေ့။

🇨🇳 တရုတ်မှာ တွေ့သူ 81439, သေသူ 3300 ယောက်၊

🇪🇸 စပိန် တွေ့သူ 73235, သေသူ 5982, 7516 အသစ်တွေ့။

🇩🇪 ဂျာမနီ တွေ့သူ 57695, သေသူ 433, 6824 အသစ်တွေ့။

🇫🇷 ပြင်သစ် တွေ့သူ 37575, သေသူ 2314, 4611 အသစ်တွေ့။

🇮🇷 အီရန် တွေ့သူ 35408, သေသူ 2517, 3076 ထပ်တွေ့ပါတယ်။

🇬🇧 အင်္ဂလန် တွေ့သူ 17089, သေသူ 1019,

🇨🇭ဆွစ်စလန် တွေ့သူ 14076, သေသူ 264,

🇳🇱 နယ်သာလန် တွေ့သူ 9762, သေသူ 639,

🇰🇷 တောင်ကိုရီးယား တွေ့သူ 9478, သေသူ 144, 105 အသစ်တွေ့။

🇧🇪 ဘယ်ဂျီယံ တွေ့သူ 9134, သေသူ 353,

🇦🇹 အော်စတြီးယား တွေ့သူ 8271, သေသူ 68,

🇹🇷 တူရကီ တွေ့သူ 7402, သေသူ 108,

🇨🇦 ကနေဒါ တွေ့သူ 5655, သေသူ 60,

🇵🇹 ပေါ်တူကီ တွေ့သူ 5170, သေသူ 100,

🇳🇴 နော်ဝေ တွေ့သူ 4015, သေသူ 23,

🇧🇷 ဘရာဇီး တွေ့သူ 3904, သေသူ 114,

🇦🇺 ဩစတေးလျ တွေ့သူ 3635, သေသူ 14,

🇮🇱 အစ္စရေး တွေ့သူ 3619, သေသူ 12,

🇸🇪 ဆွီဒင် တွေ့သူ 3447, သေသူ 105,

🇨🇿 ချက် တွေ့သူ 2631, သေသူ 11,

🇮🇪 အိုင်ယာလန် တွေ့သူ 2415, သေသူ 36,

🇲🇾 မလေးရှား တွေ့သူ 2320, သေသူ 27,

🇩🇰 ဒန်းမတ် တွေ့သူ 2201, သေသူ 65,

🇨🇱 ချီလီ တွေ့သူ 1909 သေသူ 6,

🇱🇺 လူဇင်ဘတ် တွေ့သူ 1831, သေသူ 18,

🇪🇨 အီကွေဒေါ တွေ့သူ 1823, သေသူ 48,

🇯🇵 ဂျပန် တွေ့သူ 1693, သေသူ 52,

🇵🇱 ပိုလန် တွေ့သူ 1638 သေသူ 18,

🇵🇰 ပါကစ္စတန် တွေ့သူ 1495 သေသူ 12,

🇷🇴 ရိုမေးနီးယား တွေ့သူ 1452, သေသူ 37,

🇷🇺 ရုရှား တွေ့သူ 1264, သေသူ 4,

🇹🇭 ထိုင်း တွေ့သူ 1245, သေသူ 6,

🇸🇦 ဆော်ဒီ တွေ့သူ 1203, သေသူ 4,

🇿🇦 တောင်အာဖရိက တွေ့သူ 1187, သေသူ 1,

🇫🇮 ဖင်လန် တွေ့သူ 1167, သေသူ 9,

🇮🇩 အင်ဒိုနီးရှား တွေ့သူ 1155, သေသူ 102,

🇵🇭 ဖိလစ်ပိုင် တွေ့သူ 1075, သေသူ 68,

🇬🇷 ဂရိ တွေ့သူ 1061, သေသူ 32,

🇮🇳 အိန္ဒိယ တွေ့သူ 987, သေသူ 24,

🇮🇸 အိုက်စလန် တွေ့သူ 963, သေသူ 2,

🇸🇬 စင်ကာပူ တွေ့သူ 802, သေသူ 2,

🇵🇦 ပနားမား တွေ့သူ 901, သေသူ 17,

🇩🇴 ဒိုမေနီကန်ရီပတ်ဘလစ် တွေ့သူ 719, သေသူ 28,

🇲🇽 မက္ကဆီကို တွေ့သူ 717, သေသူ 12,

⛴️ Diamon Princess သင်္ဘော တွေ့သူ 712, သေသူ 10,

🇦🇷 အာဂျင်တီးနား တွေ့သူ 745, သေသူ 19,

🇸🇮 စလိုဗန်းနီးယား တွေ့သူ 684, သေသူ 9,

🇵🇪 ပီရူး တွေ့သူ 671, သေသူ 16,

🇷🇸 ဆားဗီးယား တွေ့သူ 659, သေသူ 10,

🇭🇷 ခရိုအေးရှား တွေ့သူ 657, သေသူ 5,

🇪🇪 အက်စတိုးနီးယား တွေ့သူ 645, သေသူ 1,

🇨🇴 ကိုလံဘီယာ တွေ့သူ 608, သေသူ 6,

🇶🇦 ကာတာ တွေ့သူ 590, သေသူ 1,

🇪🇬 အီဂျစ် တွေ့သူ 576, သေသူ 36,

🇭🇰 ဟောင်ကောင် တွေ့သူ 560, သေသူ 4,

🇳🇿 နယူးဇီလန် တွေ့သူ 514, သေသူ 1,

🇮🇶 အီရတ် တွေ့သူ 506, သေသူ 42,

🇧🇭 ဘာရိန်း တွေ့သူ 476, သေသူ 4,

🇦🇪 ယူအေအီး တွေ့သူ 468, သေသူ 2,

🇩🇿 အယ်ဂျီးရီးယား တွေ့သူ 454, သေသူ 29,

🇱🇧 လက်ဘနွန် တွေ့သူ 412, သေသူ 8,

🇦🇲 အာမေးနီးယား တွေ့သူ 407, သေသူ 1,

🇲🇦 မော်ရိုကို တွေ့သူ 402, သေသူ 25,

🇱🇹 လစ်သူရေးနီးယား တွေ့သူ 394,သေသူ 7,

🇺🇦 ယူကရိန်း တွေ့သူ 356, သေသူ 9,

🇭🇺 ဟန်ဂေရီ တွေ့သူ 343, သေသူ 11,

🇧🇬 ဘူဂေးရီးယား တွေ့သူ 331, သေသူ 7,

🇦🇩 အန်ဒိုရာ တွေ့သူ 308, သေသူ 3,

🇱🇻 လတ်ဗီးယား တွေ့သူ 305, သေသူ 0,

🇺🇾 ယူရဂွေး တွေ့သူ 304, သေသူ 1,

🇨🇷 ကော်စတရီကာ တွေ့သူ 295, သေသူ 2,

🇸🇰 စလိုဗက် တွေ့သူ 292, သေသူ 0,

🇹🇼 ထိုင်ဝမ် တွေ့သူ 283, သေသူ 2,

🇹🇳 တူနီးရှား တွေ့သူ 278, သေသူ 8,

🇧🇦 ဘောစနီးယား တွေ့သူ 278, သေသူ 6,

🇯🇴 ဂျော်ဒန် တွေ့သူ 246, သေသူ 1,

🇲🇰 မြောက်မက်ဆီဒိုးနီးယား တွေ့သူ 241, သေသူ 4,

🇰🇼 ကူဝိတ် တွေ့သူ 235, သေသူ 0,

🇲🇩 မော်ဒိုဗာ တွေ့သူ 231, သေသူ 2,

🇰🇿 ကာဇက်စ္စတန် တွေ့သူ 228, သေသူ 1,

🇸🇲 စန်မာရီနို တွေ့သူ 224, သေသူ 22,

🇧🇫 ဘာကီနာဖက်စကို တွေ့သူ 207, သေသူ 11,

🇦🇱 အယ်ဘေးနီးယား တွေ့သူ 197, သေသူ 10,

🏝️ လာရီယူနီယံ တွေ့သူ 183, သေသူ 0,

🇦🇿 အဇာဘိုင်ဂျန် တွေ့သူ 182, သေသူ 4,

🇨🇾 ဆိုက်ပရပ်စ် တွေ့သူ 179, သေသူ 5,

🇻🇳 ဗီယက်နမ် တွေ့သူ 174, သေသူ 0,

🇫🇴 ဖရိုးကျွန်းစု တွေ့သူ 155, သေသူ 0,

🇴🇲 အိုမန် တွေ့သူ 152, သေသူ 0,

🇲🇹 မော်တာ တွေ့သူ 149, သေသူ 0,

🇬🇭 ဂါနာ တွေ့သူ 141 သေသူ 5,

🇸🇳 ဆီနီဂေါ တွေ့သူ 130, သေသူ 0,

🇧🇳 ဘရူနိုင်း တွေ့သူ 120, သေသူ 1,

🇨🇺 ကျုးဘား တွေ့သူ 119, သေသူ 3,

🇻🇪 ဗနီဇွဲလား တွေ့သူ 119, သေသူ 2,

🇱🇰 သီရိလင်္ကာ တွေ့သူ 113, သေသူ 1,

🇦🇫 အာဖကန်နစ္စတန် တွေ့သူ 110, သေသူ 4,

🇺🇿 အူဘက်ကစ္စတန် တွေ့သူ 104, သေသူ 2,

🇬🇵 ဂွာဒီလုပ် တွေ့သူ 102, သေသူ 2,

🇲🇺 မော်ရစ်ရှပ် တွေ့သူ 102, သေသူ 2,

🇨🇮 အိုင်ဗရီကို့စ် တွေ့သူ 101, သေသူ 0,

🇰🇭 ကမ်ဘောဒီးယား တွေ့သူ 99, သေသူ 0,

🇵🇸 ပါလက်စတိုင်း တွေ့သူ 98, သေသူ 1,

🇯🇪ချနယ်ကျွန်းစု တွေ့သူ 97, သေသူ 1,

🇳🇬 နိုင်ဂျီးရီးယား တွေ့သူ 97, သေသူ 1,

🇭🇳 ဟွန်းဒူးရပ်စ် တွေ့သူ 95, သေသူ 1,

🇧🇾 ဘောလားရပ်စ် တွေ့သူ 94, သေသူ 0,

🇲🇶 မာတင်နစ် တွေ့သူ 93, သေသူ 1,

🇨🇲 ကင်မရွန်း တွေ့သူ 91, သေသူ 2,

🇬🇪 ဂျော်ဂျီယာ တွေ့သူ 90, သေသူ 0,

🇲🇪 မွန်တီနီဂရိုး တွေ့သူ 84, သေသူ 1,

🇹🇹 ထရီနီဒတ် တွေ့သူ 76, သေသူ 3,

🇧🇴 ဘူလီးဗီးယား တွေ့သူ 74, သေသူ 0,

🇨🇩 ဒီအာစီ တွေ့သူ 65, သေသူ 6,

🇾🇹 မယိုးတီး တွေ့သူ 63, သေသူ 0,

🇷🇼 ရဝမ်ဒါ တွေ့သူ 60, သေသူ 0,

🇰🇬 ကာဂါစတန် တွေ့သူ 58, သေသူ 0,

🇵🇾 ပါရာဂွေး တွေ့သူ 56, သေသူ 3,

🇬🇮 ဂျီဘရာတာ တွေ့သူ 56, သေသူ 0,

🇱🇮 လစ်ခ်ျတန်စတိန်း တွေ့သူ 56, သေသူ 0,

🇧🇩 ဘင်္ဂလားဒေ့ရှ် တွေ့သူ 48, သေသူ 5,

🇦🇼 အာရူဘာ တွေ့သူ 46, သေသူ 0,

🇲🇨 မော်နာကို တွေ့သူ 42, သေသူ 0,

🇰🇪 ကင်ညာ တွေ့သူ 38, သေသူ 1,

🇬🇹 ဂွာတီမာလာ တွေ့သူ 34, သေသူ 1,

🇲🇴 မကာအို တွေ့သူ 34, သေသူ 0,

🇮🇲 အိုင်အော့မန်း တွေ့သူ 32, သေသူ 0,

🇯🇲 ဂျမေးကား တွေ့သူ 30, သေသူ 1,

🇵🇫 ပြင်သစ်ပိုလီနီးရှား တွေ့သူ 30, သေသူ 0,

🇺🇬 ယူဂန်ဒါ တွေ့သူ 30, သေသူ 0,

🇬🇫 ပြင်သစ်ဂွေ့အာနာ တွေ့သူ 28, သေသူ 0,

🇿🇲 ဇန်ဘီယာ တွေ့သူ 28, သေသူ 0,

🇧🇧 ဘာဘဒို့စ် တွေ့သူ 26, သေသူ 0,

🇲🇬 မဒါဂက်စကာ တွေ့သူ 26, သေသူ 0,

🇹🇬 တိုဂို တွေ့သူ 25, သေသူ 0,

🇸🇻 အယ်ဆဗဒေါ တွေ့သူ 19, သေသူ 0,

🇲🇱 မာလီ တွေ့သူ 18, သေသူ 1,

🇧🇲 ဘာမြူဒါ တွေ့သူ 17, သေသူ 0,

🇪🇹 အီသီယိုးပီးယား တွေ့သူ 16, သေသူ 0,

🇲🇻 မော်ဒစ်ကျွန်းစု တွေ့သူ 16, သေသူ 0,

🇳🇨 နယူးကလီဒိုးနီးယား တွေ့သူ 15, သေသူ 0,

🇩🇯 ဒဂျီဘိုတီ တွေ့သူ 14, သေသူ 1,

🇹🇿 တန်ဇန်နီးယား တွေ့သူ 14, သေသူ 0,

🇬🇶 အီကွေတိုးရဲဂီနာ တွေ့သူ 12, သေသူ 0,

🇲🇳 မွန်ဂိုလီးယား တွေ့သူ 12, သေသူ 0,

🇩🇲 ဒိုမီနီကာ တွေ့သူ 11, သေသူ 0,

🇸🇽စိန့်မာတင်ကျွန်း တွေ့သူ 11, သေသူ 0,

🇳🇪 နိုင်ဂျာ တွေ့သူ 10, သေသူ 1,

🇧🇸 ဘဟားမား တွေ့သူ 10, သေသူ 0,

🇬🇱 ဂရင်းလန် တွေ့သူ 10, သေသူ 0,

🇸🇿 အက်စ်ဆွာတီနီ တွေ့သူ 9, သေသူ 0,

🇰🇾 ကေးမန်းကျွန်း တွေ့သူ 8, သေသူ 1,

🇨🇼 ကူရာကောင် တွေ့သူ 8, သေသူ 1,

🇬🇾 ဂူရာနာ တွေ့သူ 8, သေသူ 0,

🇬🇳 ဂီနီယာ တွေ့သူ 8, သေသူ 0,

🇭🇹 ဟေတီ တွေ့သူ 8 သေသူ 0,

🇱🇦 လာအို တွေ့သူ 8, သေသူ 0,

🇲🇿 မိုဇမ်ဘစ် တွေ့သူ 8, သေသူ 0,

♦️🇲🇲 မြန်မာ တွေ့သူ 8, သေသူ 0,♦️

🇳🇦 နမီးဘီးယား တွေ့သူ 8,သေသူ 0,

🇸🇨 ဆီချီလီးစ် တွေ့သူ 8, သေသူ 0,

🇸🇷 ဆူရီနာမီ တွေ့သူ 8, သေသူ 0,

🇬🇦 ဂဘွန် တွေ့သူ 7, သေသူ 1,

🇿🇼 ဇင်ဘာဘွေ တွေ့သူ 7, သေသူ 0,

🇦🇬 အန်တီဂွာဘာဘူဒါ တွေ့သူ 7, သေသူ 0,

🇬🇩 ဂရီနာဒါ တွေ့သူ 7, သေသူ 0,

🇨🇻 ကိပ်ဗာဒဲ တွေ့သူ 6, သေသူ 0,

🇧🇯 ဘီနင်း တွေ့သူ 6, သေသူ 0,

🇪🇷 အရီထရီရာ တွေ့သူ 6, သေသူ 0,

🇻🇦ဗာတီကန် တွေ့သူ 6, သေသူ 0,

🇸🇩 ဆူဒန် တွေ့သူ 5, သေသူ 1,

🇳🇵နီပေါ တွေ့သူ 5, သေသူ 0,

🇦🇴 အန်ဂိုလာ တွေ့သူ 5, သေသူ 0,

🇫🇯 ဖီဂျီကျွန်း တွေ့သူ 5, သေသူ 0,

🇲🇷 မော်ရီတန်းနီးရား တွေ့သူ 5, သေသူ 0,

🇲🇸 မွန့်စာရက် တွေ့သူ 5, သေသူ 0,

🇧🇱 စိန့်ဘာ့ကျွန်း တွေ့သူ 5, သေသူ 0,

🇸🇾 ဆီးရီးယား တွေ့သူ 5, သေသူ 0,

🇳🇮 နီကာရာဂွာ တွေ့သူ 4, သေသူ 0,

🇨🇬 ကွန်ဂို တွေ့သူ 4, သေသူ 0,

🇹🇨 တာ့အန်ကိုင်ကို့စ် တွေ့သူ 4, သေသူ 0,

🇬🇲 ဂမ်ဘီယား တွေ့သူ 3, သေသူ 0,

🇧🇹 ဘူတန် တွေ့သူ 3, သေသူ 0,

🇨🇫 စီအေအာ တွေ့သူ 3, သေသူ 0,

🇹🇩 ချက်ဒ် တွေ့သူ 3, သေသူ 0,

🇱🇷 လိုင်ဘေးရီးယား တွေ့သူ 3, သေသူ 0,

🇱🇾 လစ်ဗျား တွေ့သူ 3, သေသူ 0,

🇱🇨 စိန့်လူစီယာ တွေ့သူ 3, သေသူ 0,

🇸🇽 ဆင့်မာတန် တွေ့သူ 3, သေသူ 0,

🇸🇴 ဆိုမာလီယာ တွေ့သူ 3, သေသူ 0,

⛴️ MS Zanndam တွေ့သူ 2, သေသူ 2,

🇦🇮 အန်ဂွေလာ တွေ့သူ 2, သေသူ 0,

🇧🇿 ဘလီဇီ တွေ့သူ 2, သေသူ 0,

🇻🇬UK ဗာဂျင်အိုက်လန် တွေ့သူ 2, သေသူ 0,

🇬🇼 ဂီနီယာဘစ်ဆော တွေ့သူ 2, သေသူ 0,

🇰🇳 စိန့်ကစ်အန်နဲဗစ် တွေ့သူ 2, သေသူ 0,

🇵🇬 ပါပူအာနယူးဂီနီ တွေ့သူ 1, သေသူ 0,

🇻🇨 စိန့်ဗင်းဆင့်ကျွန်း တွေ့သူ 1, သေသူ 0, တွေ့ရှိသူ ပြန်ကောင်းသွားပါပြီ။

🇹🇱 အရှေ့တီမော တွေ့သူ 1, သေသူ 0,

🇵🇷 ပေါ်တိုရီကို တွေ့သူ 100, သေသူ 3,

🇬🇺 ဂူအမ် တွေ့သူ 55, သေသူ 1,

🇻🇮 US ဗာဂျင်အိုက်လန် တွေ့သူ 17, သေသူ 0,

👉 စာရင်းထဲမပါရင် အဲ့နိုင်ငံမှာ မတွေ့သေးပါ။

Richard Myo Thant
29-March-2020