အီ တလီတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် လူသေဆုံးမှုနှုန်း အတန်ငယ် ကျဆင်းလာသော်လည်း သေဆုံးသူ စုစုပေါင်းမှာ ၁၀၀၂၃ ဦးရှိသွားပြီဖြစ်သည်။ ယင်းသည် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၏ သေဆုံးသူဦးရေထက် ၃ ဆခန့်များပြားနေသည်။ တရုတ်နိုင်ငံတွင် ယခုအချိန်အထိ လူ ၃၃၀၀ ခန့်သာ သေဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီတလီနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၈၈၉ ဦးရှိခဲ့သည်။ အီတလီနိုင်ငံတွင် တစ်ရက်တာအတွင်း သေဆုံးမှုအများဆုံးမှာ ပြီးခဲ့သည့် သောကြာနေ့က ၉၁၉ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်း ရက်သတ္တပတ်အတွင်းဝယ် တနင်္လာနေ့တွင် ၆၀၂ ဦး၊ အင်္ဂါနေ့တွင် ၇၄၃ ဦး၊ ဗုဒ္ဓဟူးနေ့တွင် ၆၈၃ ဦးနှင့် ကြာသပတေးနေ့တွင် ၇၁၂ ဦးသေဆုံးခဲ့ကြသည်။ ထို့ပြင် အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ပေးလိုက်ရတဲ့ ဆရာဝန်ဦးရေဟာလည်း ၅၀ ကျော်သွားပြီဖြစ်ပါတယ်။

အီတလီနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာကို ဇန်န၀ါရီ ၂၉ ရက်က တွေ့ရှိခဲ့ခြင်းမှ အစပြု၍၊ ရက်ပေါင်း ၆၀ ခန့်အကြာဖြစ်သော လက်ရှိအချိန်အထိ စစ်ဆေးသိရှိပြီးသော ကူးစက်သူ ဦးရေစုစုပေါင်းမှာမူ ၉၂၄၇၂ ဦးရှိလာသဖြင့် ကမ္ဘာ့ ဒုတိယ ကူးစက်မှုဦးရေအများဆုံးနိုင်ငံဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိအချိန်အထိ စစ်ဆေးသိရှိပြီးသော ကူးစက်သူ ဦးရေစုစုပေါင်း ၁၂၃၃၅၁ ဦးရှိသဖြင့် ကမ္ဘာတွင် ကူးစက်မှုအများဆုံးဖြစ်နေသည်။

သေဆုံးသူတို့၏ အသုဘအခေါင်းများကို အီတလီတပ်မတော်က ကူညီသယ်ဆောင်ပေးလျှက်ရှိပြီး လိုအပ်သည့်ကိစ္စများကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။

ဥရောပနိုင်ငံများအနက် အီတလီနှင့် စပိန်တို့သည် ကူးစက်မှုနှင့် သေဆုံးမှုအများဆုံး နှစ်နိုင်ငံဖြစ်သည်။

ကပ်ရောဂါကိစ္စနှင့်ပတ်သက်၍ ဥရောပနိုင်ငံခေါင်းဆောင် ၂၇ ဦးတို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ဗီဒီိယိုကွန်ဖရင့်ပြုလုပ်တိုင်ပင်ခဲ့ကြသည်။

Ref – DM
Credit-Blacker