အီ တလီနိုင်ငံမှာ အသက် (၁၀၁) နှစ်အရွယ် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသပျောက်ကင်းလို့ ဆေးရုံက ဆင်းပြီ…

ကိုရို နာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ကူးစက်ခံခဲ့ရတဲ့အသက် (၁၀၁) အရွယ် Mr.P လို့အမည်ရတဲ့ အီတလီ အမျိုးသားတစ်ဦးဟာ အခုဆိုရင် ရောဂါကုသပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားပြီ လို့ အီတလီနိုင်ငံ ရီမီနီမြို့တော်ဝန် ဂလိုရီယာ လီဆီက ပြောပါတယ်။

အဲဒီ အမျိုးသားဟာ ပြီးခဲ့တဲ့ အပတ်က ရီမီနီမြို့က ဆေးရုံကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရပြီး ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အဲ့ဒီအမျိုးသားဟာ တနေ့က ကြာသပတေး နေ့မှာပဲ ဆေးရုံက ဆင်းသွားပါပြီ။

ရီမီနီမြို့တော်ဝန်က “အခု လို မျိုး အသက် (၁၀၁) နှစ်အရွယ် Mr.P တစ်ယောက်‌ရောဂါ‌ပျောက်ကင်းသွားတာ ဟာ ကျွန်မတို့ အနာဂတ်အတွက် အလားအလာ ကောင်းတစ်ခုဖြစ်တယ်” လို့ ပြောပါတယ်။

အခု လက်ရှိ အီတလီက ရီမီနီေ‌ဆးရုံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် ကုသမှု ခံယူနေသူ (၁၀၀၀) ကျော်ရှိနေပါတယ်။

ယနေ့အချိန်အထိ အီတလီနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူ (၈၆၀၀၀) ကျော်ရှိနေပြီး သေဆုံးသူ (၉၀၀၀) ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ကိုကား – CNN
Credit-Blacker