

Unicode

မင်္ဂလာ‌တောင်ညွန့်မြို့နယ် ၁၀၁ လမ်း လူနာနှင့်လေယာဉ် အတူစီးလာသည့် ၉၈ လမ်းမှ အမျိုး သမီးတစ်ဦးမှာ ရပ်ကွက်အတွင်း သွားလာနေသည့် အတွက် အထက်အဆင့် တာဝန်ရှိသူများ အမြန် ဆောင်ရွက်ပေးစေလိုကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

“ရပ်ကွက်ထဲမှာ သွားချင်တဲ့နေရာသွား၊ဟိုလမ်းသွား ဒီလမ်းသွားဝင်လိုက် ထွက်လိုက် တောက် လျှောက်လုပ်နေတယ်၊ရပ်ကွက်ကလူတွေကလည်း တော်တော်လေးကို ပူညံပူညံ ဖြစ်နေပြီ၊ထိန်း ပေးမယ့်သူမရှိဘူး ဖြစ်နေတယ်။အခုထိတော့ ဘယ်သူမှလည်းခုထိမလာဘူး၊ရပ် ကွက်အုပ်ချုပ်ရေးမှုး တွေကလည်း သူ့ကိုမနိုင်တော့ဘူး”ဟု ယင်းကပြောသည်။