မႏၲေ လးမြို့တော် စည်ပင်သာယာရေး ကော်မတီ အောက်မှာရှိတဲ့ ဈေးပေါင်း ၄၀ ကျော်ကို ရက်အကန့်အသတ်မရှိ မနက်ဖြန်က စပြီးပိတ်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြောင်းး RFA သတင်းမှာ ဖော်ပြထားပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေကတော့ မရှိမဖြစ်လိုနေမှာဖြစ်တာကြောင့် ဆက်လက်ဖွင့်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တ ကယ်လို့ ဆိုင်တွေက အိမ်မှာယူရောင်းမယ်ဆိုရင်လည်း ခွင့်ပေးတယ်၊ တကယ်လို့ ရောဂါအခြေနေအရ အကုန်ပိတ်ရမယ်ဆိုရင်တောင် ရပ်ကွက်တွေမှာ ကားနဲ့လှည့်ပြီး ရောင်းချပေးနိုင်ဖို့ ဆန်ကုန်သည်၊ ဆီကုန်သည်၊ မွေးမြူရေး လုပ်ငန်းရှင်တွေကို မြို့တော်စည်ပင်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အစီအမံတွေ ရေးဆွဲထားပြီးဖြစ်တယ်လို့ ပြောပါတယ်။မန္တလေးမြို့ အကြီးဆုံး ဈေးတစ်ခုဖြစ်တဲ့ ဈေးချိုမှာ ဆိုင်ဖွင့်လှစ်ထားတဲ့ ဈေးသည်တစ်ဦးက ကျန်းမာရေးအရ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိတ်မှာဖြစ်တာကြောင့် လိုက်နာဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မန္တေ လးမြို့ကိုရောက်နေတဲ့ အမေရိကန် နိုင်ငံကပြန်လာသူ အမျိုးသား တစ်ဦး ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကြောင့် ကန်တော်နဒီဆေးရုံမှာ ကုသမှုပေးနေကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

Credit-Burmese.Asia