ကို ရိုနာဗိုင်းရပ်စ် ပေါ်ပေါက်လာမှုရဲ့ ပျောက်ဆုံးနေတဲ့ အချိတ်အဆက်ကို သုတေသနပြု ရှာဖွေကြရာမှာ တရုတ်နိုင်ငံထဲကို ခိုးသွင်းလာတဲ့ သင်းခွေချပ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ နီးစပ်ဆင်တူတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးက သုတေသီတွေရဲ့ ဒီတွေ့ရှိချက်ကြောင့် တန်ဖိုးကြီးတဲ့ နို့တိုက်သတ္တဝါ သင်းခွေချပ်တွေဟာ လက်ရှိ ကူးစက်ရောဂါရဲ့ ဇစ်မြစ်လို့တော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မျိုးဗီဇဆင်တူနေတာကြောင့် နိုင်ငံရဲ့ သင်းခွေချပ်ဈေးကွက်ဟာ ဖြုတ်သိမ်းရမယ့် အချိန်ကိုက်ဗုံးတစ်လုံးဖြစ်နေတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။

C ovid-19 ကူးစက်ရောဂါရဲ့ အဆက်အစပ်ကို ဟူးပေပြည်နယ်ရဲ့ အကာင်ရှင်ဈေးကွက်ကို ခြေရာခံကြရာမှာ ဗိုင်းရပ်စ်ကို တစ်ဆင့်ပြီးတစ်ဆင့် ဘယ်ပုံအမွေဆက်ခံကူးပြောင်းသွားတယ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သုတေသနပြုနေကြပါတယ်။ ကနဦးက ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို လေ့လာချက်တွေအရ ဒီဗိုင်းရပ်စ်ဟာ ယူနန်က မြင်းသံခွာလင်းနို့မယ်မြေထဲက ပေါ်ထွက်လာတာဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ယူနန်ဟာ အရှေ့တောင်အာရှနိုင်ငံ မြန်မာနဲ့ နယ်ချင်းဆက်နေတဲ့ ပြည်နယ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လင်းနို့တွေဟာ ရင်းမြစ်ဖြစ်တယ်ဆိုဦးတော့ လင်းနို့နယ်မြေရဲ့ မြောက်ဖက် ၁၀၀၀ကီလိုမီတာလောက်ဝေးကွာတဲ့ လူနေထူထပ်တဲ့မြို့မှာမှ ဗိုင်းရပ်စ်ပေါ်လာပြီး ကူးစက်ရသလဲဆိုတာကို အဖြေရှာမရဘူးဖြစ်နေကြပါတယ်။

တရုတ် အကောင်ရှင်ဈေးတွေက စားဖို့အတွက် တိရစ္ဆာန်အရှင် အကောင်အမျိုးမျိုးနဲ့ ပရဆေးတွေကို ရောင်းချကြရာမှာ အတော်များများက အာရှ အပူပိုင်းနိုင်ငံတွေက ဝင်လာကြတာပဲ ဖြစ်ပါတယ်။ ကူးစက်ရောဂါ အရိပ်အယောင်ပြလာကတည်းက အကောင်ရှင်ဈေးတွေကို ရှင်းလင်းပစ်လိုက်တဲ့အတွက်လည်း အဲဒီဈေးတွေမှာ လင်းနို့အကောင်မျိုးစုံ ရောင်းချနေခဲ့သလားဆိုတာ မသေချာပြန်ပါဘူး။ မြင်းသံခွာလင်းနို့တွေ ဈေးမှာရှိမရှိ မသေချာပေမယ့်လည်း သင်းခွေချပ်ကတော့ ဈေးတွေမှာ သေချာပေါက် ရောင်းချဖွယ် ရှိနေပါတယ်။

နိုင်ငံရဲ့ အစိတ်အပိုင်းအတော်များများမှာက အရသာအရရော ဆေးဖြစ်ဝါးဖြစ်အနေနဲ့ရော မျိုးတုံးလုနို့တိုက်သတ္တဝါ သင်းခွေချပ်ကို တရားမဝင်ဆိုပေမယ့် ပေါ်ပေါ်တင်တင် ရောင်းချနေကြတော့ လက်ရှိ တစ်ကမ္ဘာလုံးကို ဝရုံးသုဉ်းကားဖြစ်စေတဲ့ တိရစ္ဆာန်အရင်းခံ ဗိုင်းရပ်စ်ရဲ့ ကြားအဆင့်လက်ခံကောင်ကို ရှာဖွေဖို့ရာလည်း ဒီဈေးတွေကပဲ စတင်ရမှာဖြစ်ပါတယ်။

၂၀၁၇နဲ့ ၂၀၁၈ခုနှစ် အစောပိုင်းတွေမှာ ကွမ်ရှီးအကောက်ခွန်ဌာနက ပြုလုပ်တဲ့ မှောင်ခိုတိုက်ဖျက်မှုစစ်ဆင်ရေးမှာ မလေးရှားသင်းခွေချပ် ၁၈ကောင်ရဲ့ ခဲထားတဲ့အသားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ အင်္ဂါအစိတ်အပိုင်း နမူနာ ၄၃ခုအနက် ၆ခုမှာ ကိုရိုနာဗိုင်းရပ်စ် အာအင်အေ(RNA)ကို တွေ့ကြရပြီး ဗိုင်းရပ်စ်ဟာ တိရစ္ဆာန် ၅ကောင်နဲ့ ဆက်နွယ်နေတာကို သိလာကြရတယ်လို့ ဆိုပါတယ်။ ပျောက်နေတဲ့ ချိတ်ဆက်ကို ဖြည့်စွက်ဖတ်ရှုတဲ့ နည်းပညာတွေကြောင့်လည်း မကြာမီမှာပဲ သင်းခွေချပ်ရဲ့ ဗိုင်းရပ်အစဉ်အတန်းတွေရဲ့ မျိုးကွဲ ဒါဇင်ဝက်လောက်ကို အုပ်စုအနေနဲ့ သိလာကြာတယ်လို့ ဆိုပါတယ်။Covid-19 ကို ဖြစ်ပွားစေတဲ့ သေစေနိုင်တဲ့အမျိုးအစားမဟုတ်ကြပေမယ့်လည်း ဗိုင်းရပ်စ်တွေက နီးစပ်ဆင်တူနေကြတယ်လို့ ဆိုပါတယ်။

Ref; MSN News
Writer_Aung Moe ( XYZ News )