အေ မရိကန္ဟာ ကမာၻေပၚမွာ Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံး နိုင်ငံတွေ စာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။

မတ်လ ၂၆ ရက် စာရင်းတွေအရ အမေရိကန် ပြည်ထောင်စုမှာ စုစုပေါင်း ရောဂါကူးစက်သူ ၈၅၂၆၈ ဦးထိ ရှိလာပြီလို့ သိရပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှု အများဆုံး နိုင်ငံတွေ တန်းစီဇယားမှာ အီတလီနဲ့ တရုတ်ကို ကျော်တက်ပြီး ထိပ်ဆုံးနေရာကို ခုန်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရက ပြည်နယ် အားလုံးမှာ သံသယလူနာ စုစုပေါင်း ၅၂၀၀၀၀ နီးပါးကို ဆေးစစ်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Covid-19 ရောဂါကြောင့် အမေရိကန်မှာ စုစုပေါင်း ၁၂၉၃ ဦးထိ သေဆုံးခဲ့ပြီး သေနှုန်း အမြင့်ဆုံး နိုင်ငံတွေ စာရင်းမှာတော့ ဆဋ္ဌမ နေရာက ရပ်တည်နေပါတယ်။ အမေရိကန်ရဲ့ရှေ့မှာ အီတလီ၊ စပိန်၊ တရုတ်၊ အီရန်၊ ပြင်သစ်တို့က အစဉ်လိုက် ရှိနေကြပါတယ်။

အမေရိကန်မှာ ရောဂါဖြစ်ပွားမှု အားလုံးရဲ့ ထက်ဝက် နီးပါးဟာ နယူးယောက် ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လာမယ့် ၄ လအတွင်း အမေရိကမှာ လူပေါင်း ၈၀,၀၀၀ ကျော် သေဆုံးနိုင်ပြီး ဇွန်လအထိ ကပ်ရောဂါ လျော့ကျသွားမှာ မဟုတ်ဘူးလို့ ဝါရှင်တန်တက္ကသိုလ်က လုပ်တဲ့ အချက်အလက်တွေက ဆိုပါတယ်။

ဆေးရုံတင်ရတဲ့ လူနာအရေအတွက်ဟာ ပြည်နယ်တချို့မှာ နောက်ပိုင်းမှ မြင့်တက်လာနိုင်ပေမယ့် လာမယ့်ဧပြီလ ဒုတိယသီတင်းပတ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြင့်တက်ဖွယ် ရှိပါတယ်။

လေ့လာချက်အရ လူသေဆုံးနှုန်းဟာ ဇွန်လမှာ ကပ်ရောဂါအဆင့်ဖြစ်တဲ့ တနေ့ကို ၁၀ ယောက်အောက် လျော့နည်းနိုင်ပေမယ့် ဗိုင်းရပ်စ်ကြောင့် ဇူလိုင်လအထိ လူတချို့ ဆက်လက်သေဆုံးနိုင်ဖွယ် ရှိပါတယ်။

ဒီလေ့လာချက်ဟာ အစိုးရ၊ ဆေးရုံနဲ့ တခြားသတင်းရင်းမြစ်တွေက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံရဲ့ သေဆုံးနှုန်းဟာ အနိမ့်ဆုံး ၃၈၀၀၀ ဝန်းကျင်ကနေ အမြင့်ဆုံး ၁၆၂၀၀၀ ဝန်းကျင်အထိ ကွာခြားချက် ကြီးကြီးမားမားနဲ့ ပြောင်းလဲနိုင်တယ်လို့ ရိုက်တာသတင်းမှာ ‌ဖော်ပြထားပါတယ်။

Credit-Blacker