(၁) ခု က ကောင်းမွန်တဲ့ ပြည်တော်ပြန်တွေပါ။ ပူးပေါင်းလုပ်ဆောင်ကြသူတွေပါ။ သူတို့ကို အစုလိုက် သတ်မှတ်နေရာတွေမှာ ထားပါတယ်။ သူတို့က သံသယလူနာလဲ မဟုတ်ပါဘူး။ ဒီအတိုင်း စောင့်ကြည့်ခံနေရတဲ့ လူကောင်းတွေပါ။ ၁၄ ရက်ပြည့်ရင် ပေးပြန်မှာပါ။ သူတို့ကလဲ ပူးပေါင်းကြပါတယ်။

ဒါပေမယ့် မြို့နယ်တွေ ရပ်ကွက်တွေက လက်မခံကြပါဘူး။ လူစုလူဝေးနဲ့ ဆန္ဒပြတယ်။ အကြမ်းဖက်မလို လုပ်တယ်။ ပြန်လာသူတွေလဲ လန့်ပီး ကြောက်နေကြရတယ်။ ပြည်သူ့ကျန်းမာက အဖွဲ့တွေလဲ တညလုံး လိုက်ရှင်းပြလဲ မရဘူး။ နောက်ဆုံး နေရာရွှေ့ရပါတယ်။ အအိပ်ပျက်ပီး စိတ်ညစ်စရာပါ။ မလုပ်သင့်ပါဘူး။ သူတို့ကို စာနာကြပါ။ သူတို့ ကြောက်ပီး ပုန်းနေရင် ပိုဆိုးပါမယ်။

နောက်တစ်ခုက မပူးပေါင်းသော ပြည်တော်ပြန်တွေပါ။ ၁၄ ရက်နေဆိုလဲ လျှောက်သွားနေတယ်။ နေ့စဉ်လဲ သတင်းမပို့ဘူး။ အဲဒီလို လူတွေကျ အပြစ်ပေးခြင်းနဲ့ ထိုက်တန်ပါတယ်။ တယောက်ချင်းစီကို အိမ်မှာ လိုက်စစ်ဖို့ထက် အခုလို တနေရာထဲ စုဝေးထားပီး စောင့်ကြည့်ရတာက ပိုလွယ်သလို အားလုံးအတွက် ပိုကောင်းပါတယ်။

ဒါကြောင့် ပူးပေါင်းလုပ်ဆောင်နေတဲ့ ပြည်တော်ပြန်တွေကို မနှင်ထုတ်ကြပါနဲ့။ ထို့အတူ အိမ်မှာမနေတဲ့ ပြည်တော်ပြန်တွေကိုလဲ အသိပညာပေးရပါမယ်။ ပြည်သူက စောင့်ကြည့်ပေးကြပါ။ မရရင်တော့ ဥပဒေနဲ့ အရေးယူရပါမယ်။ ဒါဆို အဆင်ပြေပါပီ။ အတူတကွ ဖြတ်သန်းကြပါစို့။

Nay Thway