တ ရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲ နေကြဖို့ ညွန်ကြားထားခဲ့တာကြောင့် လင်မယားချင်း အိမ်မှာအတူတွေ့ရချိန်များလွန်းခဲ့ရာကနေ လင်မယားကွာရှင်းပြတ်စဲမှုတွေ များပြားလာခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက ကွာရှင်းပြတ်စဲဖို့ ချိန်းဆိုလာတဲ့ လင်မယား စုံတွဲပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီလို့ တရုတ် နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်၊ တကျိုးမြို့က လက်ထပ်မှတ်ပုံတင် ရုံးမန်နေဂျာဖြစ်သူလူရှီကျွင်က ဆိုပါတယ်။

ကွာရှင်းလိုမှုလျှောက်ထားတောင်းဆိုမှုတွေ ရုတ်တရက် တိုးများလာခဲ့ရတာက ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေးအတွက် အိမ်တွေမှာပဲနေကြဖို့ ညွန်ကြားထားခဲ့မှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ နေအိမ်ထဲမှာပဲ အချိန်ကြာမြင့်စွာ အတူတွေ့နေရပြီး အချင်းချင်းကတောက် ကဆတွေဖြစ်လာရတာကြောင့်လို့ အာဏာပိုင်တွေက ယူဆနေကြပါတယ်။

လူငယ်လင်မယားတွေကြားမှာ ဆန္ဒမတိုက် ဆိုင်မှုတွေတစ်ခုခုရှိတာနဲ့ စကားများရန် ဖြစ်တာတွေကနေ ကွာရှင်းပြတ်စဲလိုမှု တွေအထိ ဖြစ်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ရှန်စီးပြည်နယ်၊ ရှီအန်မြို့ က လက်ထပ်မှတ်ပုံတင်ရုံးမှာလည်း ပြန်လည်ဖွင့်လှစ်တဲ့ မတ်လ ၁ ရက်က စတင်ပြီး ကွာရှင်းပြတ်စဲလိုမှုအတွက် လျှောက် ထားမှုတွေ တောင်ပုံယာပုံရှိလာခဲ့ပါတယ်။

တစ်နေ့တည်းမှာတင် ကွာရှင်းပြတ်စဲဖို့ လျှောက်လွှာ ၁၄ ခုထက် မနည်းရှိနေပြီး ဖူကျန်းပြည်နယ်၊ ဖူကျိုးမြို့ကရုံးမှာလည်း တစ်နေ့ကို လင်မယား ၁၀ တွဲလောက် နှုန်းနဲ့ ကွာရှင်းပြတ်စဲမှုကိစ္စ ပြီးစီးနိုင်စေဖို့ ဆောင်ရွက်ပေးနေရတယ် လို့ အာဏာပိုင်တွေက ဆိုပါတယ်။

Credit-Blacker