လူနာက အထူးကြပ်မတ်ကုသ​ဆောင်မှာ ကုသမှုခံယူ​နေရတဲ့ လူနာဖြစ်ပါတယ်။
(Edited – လုနာကို လက်ရှိမှာ ပင်မအထူးကြပ်မတ်​ဆောင် ICU မှာ မဟုတ်ပဲ သီးသန့်ကူးစက်​ဆောင် Isolation Ward ရဲ့ အထူးကြပ်မတ်ခန်းမှာထားရှိထားတယ်လို့ သိရပါတယ်)
ကျွန်​တော်တို့ ရန်ကုန်​ဆေးရုံကြီးရဲ့ ဖွဲ့စည်းပုံအရ အ​ဆောက်အဦးတည်​ဆောက်ပုံအရ ထိခိုက်အ​ရေး​ပေါ်ဌာန၊ အ​ရေး​ပေါ်​ဆေးပညာဌာန၊ ​အ​ထွေ​ထွေဖျားနာ​စောင့်ကြည့်ဌာန၊ အ​ထွေ​ထွေခွဲစိတ်​စောင့်ကြည့်ဌာန၊ အရိုးခွဲစိတ်ဌာန၊ ဓါတ်မှန်ဌာနများဟာ တစ်ခုနဲ့တစ်ခုနီးကပ်စွာရှိနေပြီး ဆရာဝန်များ၊ သူနာပြုဆရာဆရာမများ၊ ဝန်ထမ်းများဟာ တစ်ဌာနနဲ့ တစ်ဌာနထိ​တွေ့​ ဆက်နွယ်​နေရတာဖြစ်ပါတယ်။
တစ်ခါ အထူးကြပ်မတ်ကုသ​ဆောင်သည်လည်း မေ့​ဆေးဆရာဝန်များ၊ သူနာပြုဆရာမများမှ အနီးကပ်​ ၂၄ နာရီစောင့်ကြည့် ကုသ​မှုပေး​နေရတဲ့​ နေရာဖြစ်ပါတယ်။
ယခုလူနာသည် အ​ရေး​ပေါ်ဌာနကို စတင်ဝင်​ရောက်လာတဲ့အချိန်ကစပြီး ​နောက်ဆုံးကြပ်မတ်​ဆောင်​ရောက်သည်အထိ လမ်း​ကြောင်းတစ်​လျောက် ဆရာဝန်၊ ဆရာမ၊ ဝန်ထမ်းဦး​ရေမည်မျှကို ကူးစက်နိုင်​စေခဲ့ပြီလဲ ကျွန်​တော်တို့မသိနိုင်ပါဘူး။
အကယ်၍ ထိ​တွေ့မှုရှိခဲ့သူအားလုံးကို ရှာ​ဖွေနိုင်သည့်တိုင် ဒီကျန်းမာ​ရေးဝန်ထမ်းအားလုံးကို ၁၄ ရက်​စောင့်ကြည့်ဖို့ အနား​ပေးနိုင်​လောက်တဲ့ ဝန်ထမ်းအင်အား၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုအင်အား ရန်ကုန်​ဆေးရုံကြီးမှာမရှိပါဘူး။
ကျွန်​တော်အ​နေဖြင့်​တော့ ကျွန်​တော့်ကိုယ်ကျွန်​တော် ကူးစက်ခံရပြီးသူတစ်ဦးအ​နေဖြင့် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
ကျွန်​တော့်အ​နေနဲ့ တာဝန်ဆက်လက်ထမ်း​ဆောင်ဖို့အတွက် ​ဆေးရုံကိုဆက်လက်သွား​နေမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလဲ မိမိကိုယ်ကို​ရောဂါကူးစက်ခံရပြီးသူအဖြစ်ယူဆပြီး ကျွန်​တော်နဲ့ထိ​တွေ့ဆက်ဆံရ​သူ​တွေ မကူးစက်ခံရ​အောင်၊ မိမိနဲ့ထိ​တွေ့ဆက်ဆံရသူဦး​ရေ နည်းနိုင်သမျှနည်း​အောင် Social Distancing Measures ​တွေကိုအပြည့်အဝလိုက်နာသွားမှာဖြစ်ပါတယ်။
အသိမိတ်​ဆွေအားလုံးအ​နေဖြင့်လဲ သတိမူမိစေလိုတာက ဒီ​ရောဂါသည် ယခုဆိုရင် ကျွန်​တော်တို့အားလုံးရဲ့မြို့ရွာ​တွေထဲကို​ရောက်လာပြီဆိုတာပါပဲ။ ကြားဖူးရုံကြားဖူးပြီး ကိုယ်နဲ့မဆိုင်သလို​နေလို့ရတဲ့ အ​နေအထားမျိုးမဟုတ်​တော့ဘူးဆိုတာပါပဲ။
အဲဒီအတွက်​ကြောင့် ကျန်းမာ​ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာ​ပေးပါလို့ မိတ်​ဆွေများအားလုံးကို​တောင်းဆိုလိုပါတယ်။
တာဝန်ရှိလူကြီးမင်းများအ​နေဖြင့်လည်း ​မြေပြင်အ​ခြေအ​နေနဲ့ကိုက်ညီမယ့်၊ ​နောက်လာမယ့်နှစ်လ၊ သုံးလအထိ ကြာမြင့်နိုင်​သေးတဲ့​ရောဂါပြန့်နှံ့ချိန်အထိ​ ရေရှည်တာဝန်ထမ်း​ဆောင်ရမယ့် နေ့စဉ်တာဝန်ထမ်း​ဆောင်​နေရတဲ့ ဝန်ထမ်းများ၊ ဆရာဝန်၊ ဆရာမများအတွက်​ တွေး​တောတဲ့ တာဝန်ခွဲ​ဝေမှု၊ စီမံခန့်ခွဲမှုများကို အ​သေးစိတ်စီစဉ်​ဆောင်ရွက်သင့်ပြီဖြစ်ပါတယ်။
နောက်ထပ် အသိ​ပေးလိုတာက​တော့ ကျွန်​တော်တို့ရန်ကုန်​ဆေးရုံကြီး အထူးကြပ်မတ် ကုသ​ဆောင်သည် အသက်ရှူစက်အလုံးနှစ်ဆယ်ခန့်သာလည်ပတ်နိုင်တဲ့အ​နေအထားဖြစ်ပါတယ်။ မကြာခင်မှာ ယခုထက်ပိုမိုဆိုးရွားတဲ့အ​နေအထားဖြစ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် မိတ်​ဆွေများမှ ​ရန်ကုန်ဆေးရုံကြီးတာဝန်ရှိ​သူများနှင့် ပူး​ပေါင်း၍ အသက်ရှူစက်များ၊ အသက်ရှူစက်လည်ပတ်ရန် Oxygen စက်ရုံများ၊ အထူးကြပ်မတ်ကုသ​ဆောင်ခန်းများ ထပ်မံတိုးချဲ့ဖြည့်တင်းနိုင်ရန်ဝိုင်းဝန်းလှူဒါန်းဖြည့်တင်း​ပေးကြပါလို့ ​တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။
Soe Myint Myat