ရန် ကုန်၊ မန္တလေးကတော့ ဒီနေ့ မြင်ရကြားရတာ သိပ်အဆင်မပြေလှဘူး။ ဒီနေ့မန်းလေးဈေးချို မန်းမြန်မာပလာဇာရှေ့မှာ လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုံးဖြင့် စေတနာရှင်တဦးမှ အလှူဒါနပြလုပ်နေပါတယ်တဲ့
ဒီအချိန်မှာ ဒီလိုလှူတဲ့ စေတနာရှင်ရဲ့ အလှူကို သာဓုမခေါ်ပါဘူး။ ဆန်တစ်ပြည်စီနဲ့ ရောဂါဖြန့်ချီနေသလိုပဲ …
ရန်ကုန်က အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမား ၂၀၀၀ အလုပ်မထုတ်ဖို့ ဆန္ဒပြကြတယ်။ အားလုံး ပူးကပ်ကြပ်ညပ်နေတာပဲ…
ဒီပုံအတိုင်းဆို ရောဂါမပြန့်အောင် ထိန်းချုပ်ဖို့ အရမ်းကို ခက်သွားလိမ့်မယ်… ဒီလူအုပ်ထဲမှာ လူမသိ သူမသိ ရောဂါပိုးရှိသူ (၁) ယောက်လောက်သာရှိကြည့် ဒီလူတွေထဲက တစ်ဝက်ကျော်က အသားချင်း ထိရာကတစ်ဆင့် နှာချေချောင်းဆိုးရာက တစ်ဆင့် ဒီပိုးကူးသွားပြီ…
ဒီလူတွေက သူတို့ပတ်ဝန်းကျင် သူတို့မိသားစုတွေကို ထပ်ကူးစေပြီး အဲ့ဒီ့ကနေမှတစ်ဆင့် နောက်ထပ် နောက်ထပ် ခင်ဗျားတို့ သတိမထားမိချိန်မှာပဲ ဒီရောဂါက လူပေါင်းများစွာဆီကို ကူးစက်သွားပါတော့မယ်…
မလေးရှားမှာလည်း ဘာသာရေး အခမ်းအနား တစ်ခုကနေ စတင်ကူးစက်ရာက နိုင်ငံတစ်ခုလုံး စိုးရိမ်ထိတ်လန့် စက်ရုံအလုပ်ရုံတွေပါ ပိတ်ရတဲ့ အဖြစ်ဆိုးရောက်သွားရတယ်…
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး အကယ်၍ ဖြစ်ခဲ့ရင်လည်း နောက်တစ်ပတ်လောက်ဆို အဲ့လို အနေအထိုင် မဆင်ခြင်သူတွေကြောင့် ရာ၊ ထောင်၊ သောင်း ချီတဲ့ ရောဂါရှင်တွေ တပြုံတမကြီး ကြုံတွေ့ကြရပါလိမ့်မယ်…
အသက်ကို ဉာဏ်စောင့်တယ်တဲ့… ကိုယ့်အသက်ကို ကိုယ့်ဖာသာ သတိတရားနဲ့ ရှည်အောင် မွေးမြူကြပါ။
ဒီကပ်ရောဂါက ဆင်းရဲချမ်းသာမရွေး ဘယ်သူ့ကိုမှ မျက်နှာလိုက်မှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်…
ZN.H