သာ ဓုပါဗျာ….

မွန်ပြည်နယ်မှာ ကိုဗစ်အန္တရယ်ကင်းအောင် စုပေါင်းပရိတ်ရွတ်ပွဲ တဲ့ ။ ဒီပုံတွေတွေ့ပြီး သုံးခါပြန်လောက် ရှင်ချင်စိတ်ပေါက်သွားတယ်။ ဪ ဒုက္ခ ဒုက္ခ …. ။ အဲ့ဒိလူအုပ်ထဲ မှာ Virus Positive Carrier တစ်ယောက်ပါရင်ဘဲ ဘာတွေဖြစ်သွားနိုင်မလဲ တွေးကြည့် စရာမလိုအောင်အဖြေရှင်းနေပြီ ။

လူတိုင်းသိနေတာလေးထပ်ပြောအုန်းမယ်။ ပုံမှန်အားဖြစ်တောင်ကိုရီးယားမှာ အဲ့ဒီရောဂါအခြေအနေဒီလောက်မဆိုးဘူး ။ လူနာအမှတ် ၃၁ ကြောင့်အခြေအနေဆိုးသွားတာ ။ အဲ့ဒီ လူနာ ၃၁ အမျိုးသမီးကြီးက လူ ၁၀၀၀ လောက်ရှိတဲ့ ဘာသာရေးအခန်းအနားတစ်ခုကိုသွားတယ် ။ အဲ့ဒီအချိန် သူကရောဂါပိုး သယ်ဆောင်သူဖြစ်နေပြီ ။ အဲ့ဒိအခန်းအနားပြီးနောက်လူပေါင်းများစွာ ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိပြီး အဲ့ဒီ လူတွေကလဲ အဲ့ဒီဘာသာရေးပွဲတတ်ခဲ့သူ တွေဖြစ်နေတော့ အစိုးရကဇစ်မြစ်လိုက်တော့ မှ လူနာအမှတ် ၃၁ ကြောင့်ဆိုတာပေါ်လာတယ် ။

ဒါတောင်အဲ့ဒီအမျိုးသမီးကြီးကဆေးကုသမှု မခံယူဘဲတစ်ပက်လောက်ပက်ပြေးနေသေးတယ် ။ သူဆိုလိုတာက သူယုံကြည်ကိုးကွယ်တဲ့ သူ့ဘာသာရေးက သူ့ကိုကာကွယ်ပေးထားလို့ သူ့မှာရောဂါမရှိဘူးချည်းငြင်းနေတာ ။ သက် ဆိုင်ရာကအတင်းမရမကအကြမ်းနည်းသုံးပြီး ဆေးရုံပို့လိုက်ရတယ် ။ အဲ့ဒီလိုတလွဲယုံကြည်မှု လွန်ကဲသူကြောင့်ကိုရီးယားမှာ လူ့အသက် ပေါင်းများစွာပေးဆပ်လိုက်ရတာဘယ် လောက်ရင်နာစရာကောင်းလဲ ။

နောက်တစ်ခုက မလေးရှား ။ ဗလီတတ်ဝတ်ပြု ဆုတောင်းရာက ကူးကုန်တာ ။ နေရာဒေသစုံက လာသူတွေဆိုတော့ပိုပျံ့ကုန်တယ် ။ ခိုးဝင်နေတဲ့ ဘင်္ဂလီတွေတောင်ပါသေး ။ ပိုဆိုးတာက သူတို့က တရားဝင်မဟုတ်တော့ အစိုးရကိုပွင့်ပွင့်လင်းလင်းလူလုံးပြမကုရဲ ။ ကျိတ်ကုတော့ ကျိတ်သေ ကျိတ်ကူးနဲ့အဲ့ဒီပြဿနာလဲ မလေးမှာကြီးထွားနေဆဲ ။ ဒါလဲဘယ်ကစသလဲဆိုရင်ဘာသာရေးပွဲ ဗလီတတ်ရင်းဖြစ်တာ ။

ဆိုတော့ ကျနော်တို့ဆီမှာလဲ ဒါမျိုးဘယ်တော့ လာမလဲ ရင်ပူနေရတယ် ။ အခုကြည့်ပါလား ပုံတွေမှာမြင်တဲ့အတိုင်း ။ ဘာသာရေးကိစ္စဆိုတော့ပြောပြန်ရင်လဲ နေရင်းထိုင်ရင်းဒိဋိလို့အခေါ်ခံရမယ် ။ မင်း ဗုဒ္ဓဘာသာမဟုတ်ဘူးလား အမေးခံရမယ် ။ ကယ်လားလို့ အစွတ်စွဲခံရမယ် ။

ဒါကြောင့်လုပ်ပါလဲမပြောဘူး မလုပ်ပါနဲ့လဲ မတားဘူး ။ သို့ပေမဲ့ ဘာသာရေးပွဲလုပ်နေကြ သူတွေကိုဘာသာရေးအကြောင်းတစ်ခုတော့ ပြောပြချင်တယ် ။

ဘုရားရှင်သက်တော်ထင်ရှားရှိနေချိန်မှာတောင် ဘုရားရှင်က သူ့ရဲ့ဆွေတော်မျိုးတော်သာကီဝင် တွေကို ၃ ခါထက် ပိုမကယ်နိုင်ခဲ့ဘူး။သူတို့အကုသိုလ်ရောက်ချိန်တန်တော့ သာကီနွယ်မှန်သမျှ အားလုံးရက်ရက်စတ်စတ်သတ်တာခံရတယ် ။ ထပ်ပြောမယ် အဲ့ဒါဘုရားရှင်သက်တော်ထင်ရှား ရှိနေတယ်နော် ။ ဒါပေမဲ့ ရှေးဘဝအကုသိုလ်နဲ့ ယခုဘဝအမှားလေးတစ်ချက်ကျုးလွန်မိတာကြောင့်သာကီဝင်လူမျိုးမှန်သမျှ လူမျိုးတုန်း အသတ်ခံလိုက်ရတယ် ။

တကယ်တော့ဘုရားရှင်ရဲ့ ဝါဒကိုကဖန်တီးရှင် ဝါဒမဟုတ်ဘူး ။ အကြောင်းကြောင့်အကျိုးဖြစ် တယ်ဆိုတဲ့ဝါဒ ။ တည့်တည့်ပြောရရင် အခုလို အချိန်မှာစုပေါင်းရွတ်ဆိုလို့ဒီရောဂါကိုမကာကွယ်နိုင်ဘူး ။ ရောဂါမဖြစ်ချင်ဘူးလား ။ လူ ထူထူဆီမသွားနဲ့ ။ အိမ်မှာနေ ။ သွားရင်လဲ ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်းသွားကြပါ။ အဲ့ဒါဘုရားရှင်ရဲ့ ဝါဒအကြောင်းကို လုပ်လိုက်တာဘဲ ။ အဲ့ဒီအကြောင်းကြောင့် သင်နဲ့သင့်မိသားစု ဒီကပ်ရောဂါပိုးကူးစက် မခံရဘူးဆိုတဲ့ အကျိုးခံစားရမယ် ။ ရှင်းရှင်းလေး ။ အဲ့ဒါမှ ဘုရားဝါဒစစ်စစ် ။ လူထူထူမှာပရိတ်စုရွတ် လို့ဒီရောဂါကိုမကာကွယ်နိုင်ဘူး ။ ရောဂါပိုးရှိသူဆီသွားတဲ့ သင့်ရဲ့အကြောင်းကြောင့် ရောဂါ ကူးစက်ခံရတယ်ဆိုတဲ့အကျိုးကိုသင်ပြန်ရမယ် ။

အခုအချိန်မှာ လက်ဆေးရာကစပြီးဘယ်လို နေထိုင်ရမယ်ဆိုတဲ့အကြောင်းတရား‌တွေကို လိုက်နာပြုမူရင် ရောဂါကင်းဝေးခြင်းဆိုသော အကျိုးတရားတွေရမယ်ဗျ ။ အဲ့ဒါမှ ဘုရားရှင်၏ဝါဒကို လိုက်နာသောဗုဒ္ဓဘာသာ စစ်စစ် ။

ဟူး…ပြောရတာမောထှာကွာ… ခုချိန်ထိ ပိန်းနေသူတွေရှိသေးလို့… သိတဲ့သူများ ပြောပြပေးလိုက်ကြပါ…

Sua Sponte, Sitt Naing Aung