နိုင် ငံကျော်အဆိုတော် Oasix ကတော့ အမှန်တကယ်လိုအပ်ပြီး လူတွေသတိမထားမိတဲ့ ပန်းရောင်းတဲ့ကလေးတွေကို သတိတရနဲ့ Mask နဲ့ Hand Gel တွေသွားလှူခဲ့တဲ့အကြောင်းကို “တစ်နေကုန် အပြင်မထွက်ဖြစ်ဘဲ ညရောက်တော့ ဒီကလေးတွေ တန်းသတိရသွားတယ်။ အဲဒါနဲ့ Mask တွေရယ်..Hand Gel တွေရယ် ရတဲ့ဆီကဝယ် လမ်း ၆၂x၃၅ ထောင့်ကကလေးတွေကို ဘယ်လိုပုံစံဂရုစိုက်ဖို့မှာ သတိထားဖို့ ပန်းရောင်းပြီးတိုင်း လက်ဆေးဖို့ မှာခဲ့တယ်။

နောက်ရက်လည်း တတ်နိုင်သလောက် Mask ရယ် Hand Gel ရယ် လှူဦးမယ်ခင်ဗျာ အတ္တမကြီးကြပါနဲ့ ကူညီကြပါ ဂရုစိုက်ကြပါ။ *p.s ပန်းတွေ အကုန်ဝယ်လိုက်ပါတယ် အိမ်ပြန်စေချင်လို့ပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံပါ ကြုံတွေ့နေရပြီဖြစ်တဲ့ COVID-19 ရောဂါပိုးပြန့်ပွားကူးစက်နေတဲ့ လူနာ(၂)ဦးတွေ့ရှိနေတာဖြစ်ပြီး ရောဂါကြိုတင်ကာကွယ်ရေးတွေကို ပရဟိတသမားတွေ၊ အနုပညာရှင်တို့က လိုအပ်တဲ့နေရာတွေမှာ Mask နဲ့ Hand Gel တွကို လှူဒါန်းနေကြတာဖြစ်ပြီး အဓိက လိုအပ်နေတဲ့ ပန်းရောက်တဲ့ကလေးတွေကို မေ့လျှော့နေကြတာဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် Oasix ကတော့ ၆၂×၃၅ လမ်းထောင့်က ပန်းရောင်းတဲ့ကလေးတွေကို Mask နဲ့ Hand Gel တွေသတိတရနဲ့ သွားလှူခဲ့ပြီး ဘယ်လိုပုံစံဂရုစိုက်ဖို့၊သတိထားဖို့ ပန်းရောင်းပြီးတိုင်း လက်ဆေးဖို့ မှာခဲ့ပါသေးတယ်တဲ့နော်။ ပရိသတ်ကြီးရေ ပန်းရောင်းတဲ့သူတို့လေးတွေကိုလည်း သတိတရနဲ့သွားလှူတဲ့ Oasix ရဲ့စိတ်ဓာတ်ကတော့လေးစားစရာပါပဲနော်။

Source: Oasix
DarDar-CeleGabar