အ င်္ဂါနေ့ (ဒီနေ့)မှာပဲ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၂ယောက် ထပ်မံသေဆုံးသွားခဲ့လို့ သေဆုံးသူအရေအတွက်က ၄ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ ကျန်းမာရေးဌာနအာဏာပိုင်တစ်ယောက်က ပြောကြားပါတယ်။ အစောပိုင်းက Covid-19ရောဂါကြောင့် ဒုတိယမြောက်လူနာ သေဆုံးသွားပြီလို့ သတင်းထုတ်ပြန်အပြီးမှာ ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက နောက်ထပ် ကူးစက်ခံရသူ ၁၀၆ယောက်ရှိတယ်လို့ ကြေညာလိုက်တာကြောင့် အခုဆိုရင် ကူးစက်ခံရသူအရေအတွက်ဟာ ၈၂၇ယောက်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

သေ ဆုံးသူ ၄ယောက်မှာ သုံးယောက်က တခြားရောဂါတွေလည်း ရှိနေပြီး တီဘီရောဂါရှိပြီးသား အသက်၇၀အရွယ် အမျိုးသားတစ်ယောက်၊ ဆီးချိုရောဂါရှိနေသူ ၄၅နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ တခြားရောဂါတွေ ရှိနေတဲ့ ၇၉နှစ်အရွယ် အဖိုးအိုတစ်ယောက်တို့ပဲဖြစ်တယ်လို့ ကျန်းမာရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားပါတယ်။ ကူးစက်ရောဂါ စတင်ဖြစ်ပွားလာကတည်းက အခုအချိန်အထိ လူနာ ၅၇ယောက် ပြန်လည်သက်သာလို့ အိမ်အသီးသီးကို ပြန်သွားခဲ့ကြပြီဖြစ်ပေမယ့် ၇၆၆ယောက်ကတော့ ဆေးရုံတွေမှာ ကုသနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာနဲ့အဝန်း နိုင်ငံတိုင်းလိုလိုက ဗိုင်းရပ်စ်ကူးစက်မှုကို သတင်းပို့လာကြလို့ အခုဆိုရင် ကူးစက်ခံရသူပေါင်း ၃၀၀၀၀၀ကျော် ရှိနေပြီး ကူးစက်ရောဂါဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

Ref:CNA News
Crd:Writer_Aung Moe ( XYZ News )