ကို ရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှေးကွေးသွားအောင် အိန္ဒိယတစ်နိုင်ငံလုံးကို လုံးလုံး lockdown ချတာကို ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြဋ္ဌာန်းကြေညာလိုက်ပြီ ဖြစ်ပါတယ်။

စည်းမျည်းစည်းကမ်းတွေဟာ ညလယ် (ဂရင်းနစ်စံတော်ချိန် ၁၈ နာရီခွဲ)မှ စတင်အသက်ဝင်မှာဖြစ်ပြီး ၂၁ ရက်ကြာ lockdown ချထားမှာ ဖြစ်ပါတယ်။

“အိမ်ပြင်ထွက်ကြတာကို လုံးလုံး တားမြစ်တော့မှာ ဖြစ်ပါတယ်။”လို့ ရုပ်သံမိန့်ခွန်းကနေ မိုဒီက ပြောပါတယ်။

ပြည် သူတွေအနေနဲ့ ထိတ်လန့်ခြောက်ခြားစရာ မလိုဘူးလို့ မိုဒီက မေတ္တာရပ်ခံပေမယ့် မြို့တော် နယူးဒေလီနဲ့ အခြားမြို့တွေမှာ ကုန်စည်ပစ္စည်းတွေ လူအုပ်လိုက် အလုအယက် ဝယ်ယူမှုတွေ ဖြစ်ကုန်ပါတယ်။

အစားအစာနဲ့ အခြား လိုအပ်ပစ္စည်းတွေ ဝယ်ယူဖို့ ပြည်သူတွေကို ခွင့်ပြုမလား ခွင့်မပြုဘူးလားဆိုတာ သေချာရှင်းလင်း မသိရကြောင်း သတင်းထောက်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာတာကြောင့် ခုလို lockdown ချလာတာပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးက်ဖြစ်ပွားသူပေါင်း ၅၁၉ ဦး ရှိပြီး ဆယ်ဦးသေဆုံးကြောင်း သိရပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိရာ အိန္ဒိယနိုင်ငံဟာ အလားတူ lockdown ချတဲ့ တိုးပွားလာနေတဲ့ နိုင်ငံတွေစာရင်းမှာ အပါအဝင် ဖြစ်လာတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့တစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း လေးသိန်းနီးပါး ရှိပြီး သေဆုံးသူ ၁၇၀၀၀ ခန့် ရှိနေပြီ ဖြစ်ပါတယ်။

Rf: BBC
Crd:မောင်သံဆင့်(XYZ News)