တော င်ဥက္ကလာပ၌ အင်္ဂလန်မှ ပြန်လာသူတစ်ဦးအား စစ်ဆေးရာတွင် ငြင်းဆန်သည့်အတွက် ရဲတပ်ဖွဲ့ဖြင့် ခေါ်ဆောင်ခဲ့ရသည့်အပြင် အင်းစိန်မှ ရောဂါပိုးတွေ့ ရှိသူနှင့် လေ ယာဉ်တစ်စီးထဲဖြစ်နေ သော ကြောင့် စောင့် ကြည့်အဖြစ် ဆေးရုံတစ်ခု တွင် ထားရှိမည် ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကပြောကြားသည်။

အင်း စိန်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သူနှင် လေယာဉ်တစ်စီးထဲ အတူပြန်လာသည့် တောင်ဥက္ကလာမြို့နယ်၊ ၁၃ ရပ်ကွက်၊ ဝရုဏာ ရလမ်းတွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွက် အမျိုးသား တစ်ဦးဖြစ်ကြောင်း တောင်ဥက္ကလာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကပြောကြားသည်။

“မနေ့(မတ် ၂၄)ထဲက ရက်ကွက်ပြည်သူရဲ့ သတင်းပို့ချက်အရ ကျန်းမာရေးဌာနရယ်၊ အုပ်ချုပ်ရေးရယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ် သူ့ရဲ့အိမ်ကို သွားတယ်။ ပထမတော့ မလိုက်ဖူးငြင်းဆန်တယ်။ ဥပဒေအရ အရေးယူလို့ ရတယ်လို့ပြောမှ ရသွားတယ်။ အခုသူ့ကို ရဲစခန်းတော့ ခေါ်သွားတယ်။ တိုင်ကြားတဲ့သူတွေ ကိုရန်လိုတဲ့ အပြုအမှုနဲ့ဆဲတယ်။အဲ့ဒါ ကြောင့်ရဲနဲ့စခန်းခေါ်သွားတယ်။ အခုသူ့ ကိုအိမ်မှာ မထားတော့ဘူး စစ်မေးပြီးရင် ကျန်းမာရေးဌာနရဲ့ ဆုံးဖြတ်ချက်အရ ဆေးရုံတစ်ရုံကို စောင့်ကြည့် လူနာအဖြစ် ထားမယ်။အင်းစိန်က (ရောဂါပိုးအတည်ပြု လူနာ)နဲ့ လေယာဉ် တစ်စီးထဲပြန်လာတာ ဖြစ်တယ်” ဟု ဦးမိုးမြင့်ကပြောကြားသည်။

အင်းစိန် မြို့နယ်တွင် နေထိုင်သည့် အင်္ဂလန်နိုင်ငံမှ ပြန်လာသော ၂၆ နှစ်ရွယ်အမျိုးသားတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ် ၂၅ ရက် နံနက် ၁ နာရီခန့်တွင် သတင်းထုတ်ပြန်သည်။

အင်းစိန်မြို့နယ်တွင် ရောဂါပိုးကူးစက်ခံရသူ အပါအဝင် လက်ရှိတွင် မြန်မာနိုင်ငံ၌ ရောဂါပိုး တွေ့ရှိသူ နှစ်ရက်အတွင်း သုံးယောက်ထိ ရှိလာပြီ ဖြစ်သည်။

Crd:EMG