ဒေါက် တာမြဝတ်ရည်ဟာ လူမှုကွန်ယက်ပေါ်မှာ live တွေလွှင့်ရင်းနဲ့နာမည်ကြီးလာခဲ့သူဖြစ်ပြီး အခုဆိုရင် social influencer တစ်ဦးဖြစ်နေပြီဖြစ်သလို ပရိသတ်အားပေးမှုလည်းအများအပြားရရှိနေပြီလို့ဆိုရမှာပါ။ ဒေါက်တာမြဝတ်ရည်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအချစ်ရေးအကြောင်းကို ဖြေကြားသွားခဲ့ပြီးအခုဖြစ်နေတဲ့ ကပ်ရောဂါကြောင့်ချစ်သူနဲ့ တွေ့ဖို့ ဝေးနေသေးကြောင်း ရင်ဖွင့်သွားပါတယ်။

ဒေါ က်တာမြဝတ်ရည်က လက်ရှိအချစ်ရေးအခြေအနေကို “အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။အစ်မက အကုန်လုံးကို balance ဖြစ်အောင်ထားတယ်။ အချစ်ရေးကိုလည်း သာသာယာယာပုံစံမျိုးဖြစ်အောင် လုပ်တယ်။ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် relationship တစ်ခုက အချိန်တစ်ခုကြာလာရင် ခံနိုင်ရည်ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်လည်း မူတည်သေးတာပေါ့။ ငါးလဆိုတော့အစ်မတို့က အရမ်းစောသေးတယ်။ ဒီအချိန်က အပြစ်မမြင်တဲ့ ပျားရည်ဆမ်းကာလသဘောမျိုးပြောမှာပေါ့နော်။ အခုက ဘာလုပ်လုပ်ကောင်းနေတာ။ တစ်ယောက်နဲ့တစ်ယောက်သည်းခံနိုင်တာလည်း သည်းခံနိုင်သေးတယ်။ ကတောက်ကဆဖြစ်ခဲ့ရင်တောင် သူလျှော့ကိုယ်လျှော့နေနိုင်သေးတဲ့အချိန်ပေါ့”လို့ ပြောပြထားပါတယ်။

ဒီအချစ်ရေးကို အချိန်ကြာကြာဆက်လက်တွဲသွားနိုင်အောင် ကြိုးစားမယ်လို့လည်း “ကိုယ့်အနေအထားကို သူသိတယ်။ ကိုယ့်အခက်အခဲတွေ သူသိတယ်။ ကိုယ်အတိုက်အခိုက်ခံရတာလည်း သူသိတယ်။ ကိုယ်နဲ့မို့လို့ သူလည်းအတိုက်ခိုက်ခံရတယ်ဆိုတော့ အဲဒီကြားထဲကမှသူက ကိုယ့်ကို ခက်ခက်ခဲခဲလက်တွဲထားတာဖြစ်တဲ့အတွက်ကြောင့် ဒီ relationship ကို အစ်မတို့က ခိုင်မြဲအောင် သည်းညည်းခံပြီး အပြန်အလှန်လေးစားမှုတွေရယ် ယုံကြည်မှုတွေရယ်နဲ့ ရှေ့ဆက်နေတာပေါ့”လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် လက်ရှိကပ်ရောဂါကြောင့် ချစ်သူနဲ့ တွေ့ရဖို့ကဝေးနေသေးတယ်လို့ “သူက မြန်မာနိုင်ငံမှာမရှိဘူး သင်္ဘောပေါ်မှာ သူက cruise ship လိုက်တဲ့ ဟိုတယ်ဘက်ကပေါ့နော်။ သင်္ဘောပေါ်မှာသူ အစ်မနဲ့ ပြန်လာပြီး မတွေ့ရသေးဘူးလေ။ တွေ့ရရင်တော့ တွဲသွားတွဲလာလုပ်တာတော့မြင်ရမှာပေါ့နော်။ ဝူဟန်နဲ့ဆိုတော့ အရမ်းကြီးလူထူထပ်တဲ့နေရာသွားမှာတော့ မဟုတ်ဘူးပေါ့။ အခုက သူက Europe ကနေပြန်လာရမှာဖြစ်နေတော့ အဲဒီဒေသက Air line တွေပြဿနာတက်နေတယ်။ သူ့မှာက ဒီ quarantine ပေါ့နော်။ သူတို့ ship ပေါ်မှာ သံသယလူနာတွေမရှိသော်ငြား exposure မရှိသော်ငြား quarantine ထိဖို့များတယ်ပေါ့နော်။ အဲဒါကြောင့် သူပြန်လာခဲ့ရင်တောင် အစ်မက သူနဲ့ဆယ့်လေးရက် တွေ့ရဦးမှာမဟုတ်ဘူး။ အဲ့တော့ အစ်မတို့က ဆန့်တငင်ငင်ပဲ ဒီလိုပဲ”လို့ ရင်ဖွင့်ထားပါတယ်။ ပရိသတ်ကြီးလည်း လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါကြီးကို အသိသတိနဲ့အပြန်အလှန်ဖေးမကူညီရင်း အတူယှဉ်တွဲကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd