ကို ရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပေါ်ပေါက်ရာ တရုတ်က ဝူဟန်မြို့ကို လများစွာ ချိတ်ပိတ်ထားရာက ဧပြီ ၈ ရက်မှ ပြန်ဖွင့်တော့မယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြောင်း ဌာနေမီဒီယာတွေက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။ဝူဟန်အပါအဝင်ဖြစ်တဲ့ ဟူပေးပြည်နယ်က ကျန်းမာရေးအာဏာပိုင်တွေဟာ နယ်မြေအတွင်း အဝင်အထွက်တွေအပေါ် တားမြစ်ထားတာတွေကို ဖြေလျော့ပေးတဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေကို ကြေညာလာတာ ဖြစ်ပါတယ်။

တ ရုတ်ပြည်မကြီးမှာ လူပေါင်း ၃၃၀၀ ကျော် သေဆုံးပြီး ၈၁၀၀၀ ကျော် ကူးစက်ဖြစ်ပွားတဲ့ COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် လူဦးရေ ၁၁ သန်း ရှိရာ ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်က စပြီး အာဏာပိုင်တွေက lockdown ချထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးရက်အတွင်း ပြည်တွင်းနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိတော့တာအတွက် အခုလို အဝင်အထွက်ပိတ်ထားတာကို ပြန်ဖွင့်ဖို့ ဆုံးဖြတ်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ဖြစ်ပွားပါတယ်။

ပြီး ခဲ့တဲ့ ဒီဇင်ဘာမှာ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားပေါ်ပေါက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသ ၁၆၈ ခုနမှ ဖြစ်ပွားပျံ့နှံ့ကြောင်း အမေရိကန်အခြေစိုက် Johns Hopkins University မှ အချက်အလက်တွေအရ သိရပါတယ်။ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာကူးစက်သူပေါင်း ၃၈၁၄၉၉ ဦးရှိကာ သေဆုံးသူ ၁၆၅၀၀ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူက ၁၀၁၀၀၀ ကျော် ရှိပါတယ်။