လ တ္တေ လာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကတော့ ကမ္ဘာတစ်ဝှမ်းလုံးနီးပါးပျံ့နှံ့နေပြီဖြစ်ပြီး လူတော်တော်များများလည်း ကြောက်လန့်တကြားအနေအထားဖြစ်နေပြီလို့ ဆိုရမှာပါ။ အခြေခံလူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေကို Panic buying လို့ခေါ်တဲ့ အလုအယက်အထိတ်တလန့်ဝယ်ယူခြင်းတွေ နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေပြီး အစိုးရက တော်တော်လေးသတိရှိစွာ ကိုင်တွယ်နေရတဲ့အနေအထားလည်း ဖြစ်နေပါတယ်။

မြန် မာနိုင်ငံမှာတော့ မနေ့ညက ကြေညာချက်မထွက်ပေါ်ခင်အချိန်ထိတော့ ထိတ်လန့်နေတဲ့ပြည်သူအချို့ကြောင့် Panic Buying တစ်ကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီတစ်ခေါက်တုန်းကတော့ လူမှုကွန်ရက်မှာ လိုအပ်သလောက်ပဲဝယ်ဖို့ သတင်းစကားတွေမျှဝေခဲ့ကြပြီး ရောဂါပိုးဖြစ်ပွားသူ မတွေ့ရှိခဲ့သေးတာကြောင့် အခြေအနေတွေ ပြန်လည်ငြိမ်သက်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မနေ့ကည (၁၁.၄၅) အချိန် မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးတွေ့ရှိကြောင်းကြေညာချက်ထုတ်ပြန်ပြီးချိန်မှာတော့ ည (၁၂) လောက်ကစပြီး ဈေးဝယ်စင်တာတွေမှာ အုန်းအုန်းကြွက်ကြွက်နဲ့ ဈေးဝယ်ခဲ့ကြသူတွေ ပြန်လည်များပြားလာတာ ဒီနေ့မနက် ရပ်ကွက်ဈေးတွေအထိ တွေ့မြင်ကြရမှာပါ။

အစိုးရက လူစုလူဝေးရှောင်ကြဖို့ ကြေညာထားတဲ့အပြင် လူတစ်ယောက်နဲ့တစ်ယောက် အနည်းဆုံးသုံးပေအကွာမှာ နေကြဖို့ ထုတ်ပြန်ထားပေမယ့် မလိုက်နာသူတချို့လည်း ရှိနေပါသေးတယ်။ ဒီနေ့မနက်မှာတော့ ပရိသတ်ရဲ့အချစ်တော် မင်းသမီးပန်းဖြူကတော့ ဈေးသွားဝယ်ရင်း သူကြုံတွေ့ခဲ့ရတာလေးကို မျှဝေခဲ့ပါတယ်။ ” မနက်အိပ်ရာနိုး ကိုဗစ်+ သတင်းတွေ့တော့ လိုတာလေးတွေဝယ်မယ်ဆိုပြီး ဈေးသွားတာ… ကိုယ်က ဆိုင်ရှေ့မှာ ရှေ့လူနဲ့ခွာရပ်တာကို ကြားဝင်တိုးကျိတ်ပြီး ဝယ်နေကြတာ… ရှိတာလေးပဲ ငတ်တာကနောက်မှ ရောဂါပိုးကူးမှာက အရင်မို့ အိမ်ပြန်လာလိုက်တော့တယ် ” ဆိုပြီးမျှဝေပေးခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဒီအချိန်ကတော့ ပြည်သူတွေတစ်ရပ်လုံးစည်းလုံးမှ အခြေအနေမပျက်ဘဲ ဆက်နေသွားနိုင်မှာမို့ မလိုအပ်ဘဲ အများကြီးဝယ်တာတွေမပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ကြောက်လန့်တကြားနဲ့ လာဝယ်ကြရင်း လူစုလူဝေးဖြစ်ပြီးကူးနိုင်သလို မတတ်နိုင်သူတွေအတွက်လည်း ကုန်ဈေးနှုန်းတက်နိုင်တာကြောင့် Panic Buying မလုပ်ကြဖို့မျှဝေလိုက်ပါတယ်နော်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လူတစ်ယောက်နဲ့တစ်ယောက် သုံးပေအကွာကနေတာအကောင်းဆုံးမို့ ပန်းဖြူရဲ့အတွေ့အကြုံလေးကို မျှဝေရင်း လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source – Pann Phyu
Rainbow – Cele Gabar