2 2.3.2020 ရက်နေ့ ည(11:00)အချိန် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်မှ COVID19 သံသယရှိလူနာအား နယ်မြေ တာဝန်ခံမှ ဖုန်းဆက် အကူအညီတောင်းခံလာသဖြင့် သွားရောက်ကူညီခဲ့ရာတွင် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင် နေထိုင်သော မ……….. သည် 8.3.2020 ရက်နေ့တွင် ထိုင်းနိုင်ငံ ဟိုင်ရန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး

11:3.2020 ရက်နေ့ နံနက်10:30 အချိန်မှစ၍ ချောင်းဆိုးဝေဒနာအား 4 ရက် ဖျားနာခြင်းဝေဒနာအား 7 ရက်ခံစားနေရသောကြောင့် COVID19 သံသယလူနာဟု သက်မှတ်ကာ နယ်မြေအုပ်ချုပ်ရေမှူးနှင့်တာဝန်ခံများ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိတ္ထီလာမြို့) မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ လူနာတင်ကားဖြင့် COVID19ကာကွယ်ရေးဝတ်စုံများအား ဝတ်ဆင်ပြီး လူနာအား နေအိမ်မှ မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး COVID19 သံသယလူနာများ သီးသန့်ဆောင်သို့ အသင်းမှ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်ပရဟိတအသင်း