လက် ရှိ အဲ့ဒီ့နိုင်ငံထဲမှာတင် မြန်မာနိုင်ငံသား ၂ ယောက်မှာရောဂါပိုးတွေ့ရှိကြောင်း ထိုင်းအစိုးရက ကြေညာထားတဲ့ နိုင်ငံ …

အဲ့ဒီ့နိုင်ငံက ကိုယ့်မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံမှာ အလုပ်တွေ ရပ်ကုန်တော့ ကိုယ့်မွေးရပ်မြေ မြန်မာနိုင်ငံကို အလုံးအရင်းနဲ့မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) ကနေနေ့စဉ် သောင်းနဲ့ချီပြီး ပြန်လာနေကြပြီ ….

ကိုယ့်နိုင်ငံသားတွေဖြစ်လို့ နှင်ထုတ်လို့လည်း မရသလိုဒီလောက် အမြောက်အများ နေ့စဉ် သောင်းနဲ့ချီပြီးပြန်ဝင်လာနေတဲ့ လူအုပ်ကြီးကို အစိုးရကဘယ်နေရာမှာ ၁၄ ရက်ထားပြီးကျွေးမွေးထိန်းသိမ်းနိုင်မလဲ။

လတ်တလော ရောဂါမရှိလို့ ပေးဝင်ရပေမယ့် နောက်ဆက်တွဲ အခြေအနေကို ဘယ်လိုစောင့်ကြည့်မလဲ … အကယ်၍သာ ဒီလူတွေမှာ ရောဂါပါလာခဲ့ရင် လတ်တလော ရောဂါလက္ခဏာ မပြပေမယ့်

သူတို့ဒေသ သူတို့ပြန်ရောက်မှ ရောဂါထလာရင် ရောဂါက ပတ်ဝန်းကျင်က သူတွေကို ကူးစက်ကုန်ရင်ဘယ်လို တားဆီးကြမလဲ … ဒီနေရာတွေဟာ မြန်မာနိုင်ငံကို ကပ်ရောဂါဆိုးတင်သွင်းရာ အပေါက်ဖြစ်နေပြီလား ….

လက်ရှိ နိုင်ငံအနှံ့အပြားမှာ ဒီရောဂါဆိုးကို ခံစားနေရတဲ့နိုင်ငံတိုင်းက ပြည်ပက ပြန်လာသူတွေ သယ်လာတဲ့ရောဂါဆက်လက် ကူးစက်ခံရမှုကြောင့် နိုင်ငံပေါင်း၁၈၀ မှာ ရောဂါ အမြန်ဆုံး ပြန့်နှံ့နေတာ ဖြစ်ပါတယ်။

ဘယ်လို ဆက်လုပ်မလဲ ဒီအတိုင်းသာ ပေးဝင်နေသရွေ့ကတော့ တစ်ရက်မဟုတ်တစ်ရက်၊ တစ်ဖွဲ့မဟုတ် တစ်ဖွဲ့မှာ ရောဂါဆိုးကြီး ကပ်ပါလာမှာ အသေအချာပါပဲ ….

မြန်မာနိုင်ငံကြီး ကံကောင်းပါစေ ….

ZN.H