မစ် ကီကိုတော့ ဂျာမနီနိုင်ငံသားအဆိုတော်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ သိကြမှာပါ။ဒါ့အပြင်လည်း ဇာတ်လမ်းတွေမှာပါဝင်သရုပ်ဆောင်တာကြောင့်လည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါသိကြမှာပါ။သူကတော့ နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမဲ့ မြန်မာစကားကို ကောင်းမွန်စွာပြောတတ်တဲ့ သူတစ်ယောက်ပါ။မစ်ကီကတော့ မြန်မာမလေးစုစုချစ်ကြိုက်နေတာဖြစ်ပြီး သူတို့နှစ်ဦးကတော့ ပရိသတ်တွေအချစ်ပိုရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

မစ်ကီနဲ့စုစုတို့ကတော့ လူမျိုးမတူ အရောင်အသွေးမတူပေမယ့် နားလည်မှုအပြည့်နဲ့ပရိသတ်တွေအားကျရအောင်ချစ်ကြသလို သူတို့နှစ်ဦးနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်း ပရိသတ်တွေကို မကြာခဏပြန်လည် မျှဝေလေ့ရှိပါတယ်။စုစုကတော့ မစ်ကီရဲ့မိဘတွေကိုတွေ့ဖို့ ဂျာမနီကိုလိုက်သွားခဲ့ဖူးသလို မစ်ကီရဲ့မိဘတွေအချစ်တွေကိုလည်းရရှိထားတာပါ။အခုလည်း မြန်မာစကားကျွမ်းကျင်စွာပြောတတ်နေပြီဖြစ်တဲ့မစ်ကီကတော့ စုစုရဲ့မိဘတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး မိဘတွေရဲ့အချစ်ကိုရရှိအောင် တော်ကီတွေနဲ့ချုပ်လိုက်ပြန်တာပါ။

အဲ့ဒီအကြောင်းကိုတော့စုစုက သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြန်လည်ပြီးတော့မျှဝေခဲ့တာပါ။စုစုနဲ့မစ်ကီကတော့ လူမျိုးမတူတဲ့သူနှစ်ယောက်ဖြစ်ပေမဲ့ နှစ်ဖက်မိဘတွေနဲ့လည်း အပြန်အလှန်ရင်းနှီးကြပြီး သာယာဖြောင့်ဖြူးတဲ့အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။မစ်ကီကတော့ ဘယ်လိုမျိုးတော်ကီတွေနဲ့စုစုရဲ့မိဘတွေချစ်အောင် ပြောခဲ့တာဖြစ်မလဲနော်….

Source:SuSuWai
Credit-CeleGabar