အေ မရိကန်ပြည်နယ်အတော်များများကတော့ လည်ပတ်လှုပ်ရှားမှုကို ရပ်ဆိုင်းပိတ်သိမ်းလိုက်ပြီဖြစ်ပြီး မကြာခင်မှာ အမေရိကန် ၅ယောက်မှာ တစ်ယောက်နှုန်းက အိမ်မှာဘဲနေရတော့မှာ ဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို တားဆီးတိုက်ဖျက်ဖို့အတွက် မှီတင်းနေထိုင်သူများကို အိမ်မှာပဲနေကြဖို့ အမိန့်တွေ ထုတ်ပြန်လာခဲ့ကြရာမှာ အခုဆိုရင် အီလီနွိုက်စ်နဲ့ ကယ်လီဖိုးနီးယားနည်းတူ ကွန်နက်တီကတ်နဲ့ နယူးဂျာစီပြည်နယ်တွေလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်မှာတော့ မရှိမဖြစ်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းဖို့ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် အမေရိကန်နပြည်ထောင်စုမှာ လူပေါင်း ၂၇၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပြီး လူပေါင်း ၂၀၀၀၀ နီးပါးလောက် ကူးစက်ခံနေရပြီဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုသေဆုံးသူဦးရေမြင့်တက်လာတာကြောင့် အမေရိကန်ဟာ ဗိုင်းရဗ်စ်ကြောင့်သေဆုံးသူအများဆုံးနိုင်ငံစာရင်းမှာ နံပါတ် ၆ အထိဖြစ်လာခဲ့ပါပြီ။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် လူနာပေါင်း ၂၇၀၀၀၀ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီဖြစ်ပြီး လူပေါင်း ၁၁၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

နယူးယောက်မှာတော့ မြို့တော်ဝန် အန်ဒရူး ကူအိုမိုက လူထုစုဝေးပွဲတွေကို ကန့်သတ်ထားလို သိပ်အရေးမကြီးတဲ့ အလုပ်သမားတွေကိုလည်း အိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားပါတယ်။ နယူးယောက်မှာ ကူးစက်ခံနေရကြောင်း အတည်ပြုလူနာက ၇၀၀၀အထိ ရောက်ရှိလာခဲ့လို့ အမေရိကန်ပြည်နယ်တွေထဲမှာ အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဒီလို အမိန့်ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

နယူးယောက်နဲ့ အိမ်နီးချင်းပြည်နယ်တွေဖြစ်ကြတဲ့ နယူးဂျာစီ၊ ကွန်နက်တီကတ်နဲ့ ပင်ဆယ်ဗေးနီးယားတို့ကလည်း သောကြာနေ့ကပဲ ဆံပင်နဲ့ လက်သည်းအလှပြင်ခန်းတွေ၊ နားဖောက်နဲ့ တက်တူးခန်းတွေလို့ တစ်ကိုယ်ရေအလှအပ လုပ်ငန်းတွေကို ပိတ်သိမ်းကြဖို့ ပူးတွဲအမိန့် ထုတ်ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘက်စကတ်ဘောလို လဟာပင် အားကစားပွဲတွေကိုလည်း ပိတ်ပင်လိုက်ပြီပဲ ဖြစ်ပါတယ်။

Ref;BBC News
Crd:Writer_Aung Moe ( XYZ News )