ဧ ပရယ်လ (၁၀) ရက်နေ့ကတော့ နိုင်ငံကျော် တေးသံရှင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း Birthday Show ကြီးကို ပရိသတ်တွေ နဲ့ပျော်ရွှင်စွာ ကျင်းပလေ့ရှိပါတယ် ။ ဒီနှစ်အခြေအနေအရ လူစုဖို့ မဖြစ်နိုင်တော့တဲ့အတွက် အားလုံးအိမ်ထဲမှာပဲ တတ်နိုင်သလောက်နေဖို့ ဖြစ်လာတဲ့အခါစိုင်းစိုင်းတစ်ယောက် မွေးနေ့ပွဲကို အိပ်ခန်းထဲမှာပဲ ကျင်းပဖို့ ဖြစ်လာပါတယ်။

၁၅ နှစ်ဆက်တိုက် ကျနော်ပွဲကျင်းပရာနေရာကို ကျနော့်ပရိသတ်တွေ တက်ရောက်ခဲ့ကြပြီးတဲ့နောက် ဒီနှစ်မှာတော့ လူတိုင်းရဲ့ အိပ်ခန်းထဲကနေပဲ ကျနော့်ဖျော်ဖြေမှုကို ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်ကမ္ဘာ့ကျန်းမာရေး အခြေအနေက နေ့စဉ်ပြောင်းလဲနေတာကြောင့် ကျနော်ဘယ်လို ဖျော်ဖြေမယ်ဆိုတာ အခုချိန်မပြောနိုင်သေးပါဘူး တီးဝိုင်းနဲ့ သူငယ်ချင်းတွေနဲ့ပါ ဖြစ်နိုင်သလို ကျနော်တစ်ယောက်တည်း One Man Show လည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ် ဒါက April 10 ရက်နေ့ရဲ့ အခြေအနေပေါ်မူတည်မှာပါ ဆိုတဲ့စာသားလေးနဲ့ အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဒီနှစ်မွေးနေ့ပွဲကျင်းပမယ့် ပုံစံကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

ဘယ်လိုပုံစံနဲ့ထုတ်လွှင့်မယ်ဆိုတာ ဘယ်ကနေကြည့်ရမယ် ပြန်ပြီးကြေညာပေးမှာဖြစ်ပြီး ထုတ်လွှင့်မှုဟာအခမဲ့ပဲဖြစ်တယ်လို့သိရပါတယ် ။ Covid 19 အတွက် လိုအပ်လို့ရှိရင် ( လိုအပ်မှပါ ) FUND RAISING အစီအစဉ်ကို ထည့်သွင်းမှာဖြစ်ပြီး အိပ်ခန်းထဲမှာဖျော်ဖြေပြီး အိပ်ခန်းထဲကကြည့်ရမယ့် Show မို့ SAISAI BIRTHDAY SHOW IN BEDROOM လို့ရိုးရိုးပဲ နာမည်ပေးလိုက်တယ်လို့ စိုင်းစိုင်းက ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

Source : Sai Sai Khan Leng
Emily (Cele Gabar )