႐ု ရွား နိုင္ငံမွာ ကိုရိုနာ ဗိုင္းရပ္္စ္္ အေျခအေန ဟာ ထိန္းခ်ဳပ္္ မႈ ေအာက္္ မွာ ရွိေနၿပီး ကူးစက္ပ်ံ႕ႏွံ့မႈကို ထိန္းခ်ဳပ္ထားနိုင္ေၾကာင္း သမၼတ ဗလာဒီမာပူတင္က အဂၤါေန႔မွာ ေျပာပါတယ္္ ။႐ုရွားနိုင္ငံမွာ တနလၤာေန႔ အထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၉၃ ဦး ရွိရာက ၁၁၄ ဦးအထိ ျမင့္တက္ေရာက္ရွိၿပီး ဒီ ဗိုင္းရပ္္ စ္ ေၾကာင့္ ေသဆုံးသူေတာ့ မရွိေသးပါ။

ဗုဒၶဟူးေန႔က စၿပီး ႐ုရွား နိုင္ငံဟာ နိုင္ငံျခားသား ဝင္ေရာက္မႈကို နယ္စပ္ေတြမွာ ပိတ္ေတာ့မွာျဖစ္ၿပီး ယဥ္ေက်းမႈပြဲေတြနဲ႔ အားကစားပြဲေတြကိုလည္း ဆိုင္းငံ့ထားၿပီးျဖစ္ပါ တယ္။“ျမင့္မားတဲ့ ပ်ံ႕ႏွံ့မႈနဲ႔ ကူးစက္ျဖစ္ပြားမႈကို ကၽြန္ေတာ္တို႔ ထိန္းထားနိုင္ၿပီ ျဖစ္တယ္။”ဆိုၿပီး ကက္ဘိနက္အစည္းအေဝးမွာ သမၼတ ပူတင္က ေျပာပါတယ္။ကူးစက္သူ ျမင့္မားေနေပမယ့္လည္း ဗိုင္းရပ္စ္အေျခအေနဟာ ထိန္းခ်ဳပ္မႈ ေအာက္မွာ ရွိေနတယ္လို႔ ပူတင္က ထပ္ေလာင္းေျပာပါတယ္။

စားေသာက္ ဆိုင္ေတြအေန နဲ႔ အထူး ထိုင္ခုံအခင္းအက်င္း ျပင္ဆင္ၿပီး လက္မေဆးဘဲ မေနရစနစ္ကို က်င့္သုံးကာ လာေရာက္သူေတြမွာ အသက္ ၆၀ ေက်ာ္ အရြယ္ေတြ ကို ဝန္ထမ္းေတြက အိမ္ျပန္ခိုင္းဖို႔ အႀကံေပးတာေတြ ျပဳလုပ္ဖို႔ အဂၤါေန႔က စက္မႈဝန္ႀကီးဌာနက မွတ္ခ်က္ျပဳထားေၾကာင္း ႐ုရွား သတင္းဌာနေတြအရ သိရပါတယ္။

သမၼတ ပူတင္ ဟာ ျပည္သူေတြနဲ႔ အစိုးရကို ကိုယ္တိုင္ အသိ၊ သတိရွိၾကၿပီး တစ္ဦးကို တစ္ဦး ေဖးမကူညီရန္ ေမတၱာရပ္ခံၿပီး တာဝန္ရွိသူေတြကိုလည္း ဗိုင္းရပ္စ္အေ ရးႏွင့္ ပတ္သက္ၿပီး သတင္း မွန္မွန္ ကန္ကန္ ေပးၾကရန္လည္း ေျပာဆိုတိုက္တြန္းခဲ့ပါတယ္္။

crd:mizzima news

ရု ရှား နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ််စ်် အခြေအနေ ဟာ ထိန်းချုပ်် မှု အောက်် မှာ ရှိနေပြီး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့မှာ ပြောပါတယ်် ။ရုရှားနိုင်ငံမှာ တနင်္လာနေ့ အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၃ ဦး ရှိရာက ၁၁၄ ဦးအထိ မြင့်တက်ရောက်ရှိပြီး ဒီ ဗိုင်းရပ်် စ် ကြောင့် သေဆုံးသူတော့ မရှိသေးပါ။

ဗုဒ္ဓဟူးနေ့က စပြီး ရုရှား နိုင်ငံဟာ နိုင်ငံခြားသား ဝင်ရောက်မှုကို နယ်စပ်တွေမှာ ပိတ်တော့မှာဖြစ်ပြီး ယဉ်ကျေးမှုပွဲတွေနဲ့ အားကစားပွဲတွေကိုလည်း ဆိုင်းငံ့ထားပြီးဖြစ်ပါ တယ်။“မြင့်မားတဲ့ ပျံ့နှံ့မှုနဲ့ ကူးစက်ဖြစ်ပွားမှုကို ကျွန်တော်တို့ ထိန်းထားနိုင်ပြီ ဖြစ်တယ်။”ဆိုပြီး ကက်ဘိနက်အစည်းအဝေးမှာ သမ္မတ ပူတင်က ပြောပါတယ်။ကူးစက်သူ မြင့်မားနေပေမယ့်လည်း ဗိုင်းရပ်စ်အခြေအနေဟာ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်လို့ ပူတင်က ထပ်လောင်းပြောပါတယ်။

စားသောက် ဆိုင်တွေအနေ နဲ့ အထူး ထိုင်ခုံအခင်းအကျင်း ပြင်ဆင်ပြီး လက်မဆေးဘဲ မနေရစနစ်ကို ကျင့်သုံးကာ လာရောက်သူတွေမှာ အသက် ၆၀ ကျော် အရွယ်တွေ ကို ဝန်ထမ်းတွေက အိမ်ပြန်ခိုင်းဖို့ အကြံပေးတာတွေ ပြုလုပ်ဖို့ အင်္ဂါနေ့က စက်မှုဝန်ကြီးဌာနက မှတ်ချက်ပြုထားကြောင်း ရုရှား သတင်းဌာနတွေအရ သိရပါတယ်။

သမ္မတ ပူတင် ဟာ ပြည်သူတွေနဲ့ အစိုးရကို ကိုယ်တိုင် အသိ၊ သတိရှိကြပြီး တစ်ဦးကို တစ်ဦး ဖေးမကူညီရန် မေတ္တာရပ်ခံပြီး တာဝန်ရှိသူတွေကိုလည်း ဗိုင်းရပ်စ်အေ ရးနှင့် ပတ်သက်ပြီး သတင်း မှန်မှန် ကန်ကန် ပေးကြရန်လည်း ပြောဆိုတိုက်တွန်းခဲ့ပါတယ််။

crd:mizzima news