ဝူဟန် နဲ့ မရပ်ေ လာက်သေးဘူး

ဒီ ကနေ့ ကမ္ဘာကြီးပေါ်မှာဖြစ်လာမဲ့ အကြောင်းတရားတရားတွေဟာ နိမိတ်အဖြစ် ပေါ်ပေါက်ခဲ့ဘူးတယ်ဆိုရင် လူသားတွေ လက်ခံနိုင်မှာမဟုတ်ပါဘူး

ဗုဒ္ဓဘာသာကလွဲလို့  နိမိတ်ဆိုတာဘယ်သူမှ မယုံကြည်နိုင်ကြလို့ပါပဲ

အခုဖြစ်မဲ့ ကိုရိုနာ ဗိုင်းရပ်ရောဂါအကြောင်းစာအုပ်ကို ၁၉၈၁ ခုနှစ်က စာရေးဆရာတယောက်က ရေးခဲ့ဘူးတယ် တရုတ်ပြည်ကစဖြစ်မယ်ဆိုတဲ့အကြောင်းပါရေားထားသတဲ့ အခုတော့ကြိုတင်ကြံစီမူ့ဆိုပြီး ပြဿနာရဲ့ ဇစ်မြင်ကို ရှာဖွေနေကြပြီတဲ့

တိုက်တန်းနစ်သင်္ဘောကြီး ပေါ်ပေါက်ဖို့ တဆယ့်သုံးနှစ်အလိုမှာ စာရေးဆရာတရောက်က စာအုပ်အဖြစ် ရေးခဲ့ဘူးပါတယ်

ဒီဇင်ဘာလ ရဲ့ ဆောင်းညတညမှာ တိုက်တန်းဆိုတဲ့သင်္ဘောကြီးတစီးဟာ ရေခဲတောင်ကြီးနဲ့ တိုက်မိပြီး မြုပ်သွားခဲ့လို့ လူပေါင်းနှစ်ထောင်ကျော် ပင်လယ်ထဲမှာ သေခဲ့ရတယ် ဆိုတဲ့ အဖြစ်ကို ရေးခဲ့ဘူးတယ် သူရေးပြီး ဆယ့်သုံးနှစ်အကြာမှာ တိုက်တန်းနစ်သင်္ဘောကြီး မြုတ်ခဲ့တယ်

အံ့သြစရာကောင်းတာက အဲဒီစာရေးဆရာဟာ အဲဒီအချိန်က သင်္ဘောကပ္ပတိန်နာမည်ကို မစ္စတာစမစ် ဆိုပြီးနာမည်ပေးခဲ့တယ် အခု တိုက်တန်းနစ်သင်္ဘောကြီးကို မောင်းတဲ့ ကပ္ပတိန် နာမည်ကလည်း မစ္စတာ စမစ် ဆိုသူပဲ ဖြစ်နေခဲ့တယ်

ဂျပန်ကိုဟီရိုရှိးမားဗုံးမကြဲခင် ၁၉၀၃ ခုနှစ်လောက်ကလည်းကလည်း အမေဇုံတောကြီးထဲမှာ ပေါက်ကွဲမူ့ ကြီးတခု ဖြစ်ပေါ်ခဲ့ဘူးတယ် အနီးဆုံးမြို့ဖြစ်တဲ့ ကိလိုမီတာ ခြောက်ရာအကွာက ဗနဗရား ဆိုတဲ့ မြို့မှာတောင် ပျက်စီးမူ့တွေ ကြုံတွေ့ ခဲ့ရတယ်

အသံမြည်ပုံ မှိုပွင့်သဏ္ဌာန် မီးခိုးထွက်ပုံ နဲ့ လေထုညစ်ညမ်းမူနဲ့ အပူဟပ်ပုံ ရောင်ခြည်သင့်ပုံတွေဟာဟီရိုရှီးမားဗုံးပေါက်ကွဲပုံနဲ့ တထပ်တည်း ကျနေခဲ့တယ်

အဲဒီအချိန်က အိုင်းစတိုင်းတောင် အနုမြူကို ရှာမတွေ့ သေးဘူး

အမေရိကန် နိုင်ငံရဲ့ နိုင်ငံတော်သီချင်းဟာလည်း အမေရိကန်နိုင်ငံ မပေါ်ပေါက်ခင်က နောက်နောင် အမေရိကန်နိုင်ငံပေါ်ပေါက်ဖို့ ကြိုတင်စပ်ဆိုထားတဲ့သီချင်းတဲ့

အမေရိကန်နိုင်ငံ မပေါ်ပေါက်ခင်က အကျဉ်းသားလေးတရောက်ဟာစစ်သုံ့ ပမ်းတယောက်စာ သူ့ အလိုလို သီချင်းဆိုချင်လို့  ဆိုမိတယ် တဲ့

သူလည်း သီချင်းဆိုရော ကျန်တဲ့အကျဉ်းသားတွေကပါ ပါးစပ်က အလိုလို လိုက်ဆိုကြသတဲ့ အမေရိကန်သမ္မတ လင်ကွန်းလက်ထက်ကျတော့ ထောင်အတွေ့ အကြုံတွေ ရှင်းလင်းပွဲလုပ်တယ် အဲဒီလူငယ်လေးဟာ သူလည်း ဘာမှ မလုပ်ဘူး တရာက်ရောက်က သူ့ လက်ကို ဆွဲကိုင်ပြီး ရေးသွားတာပဲ သူက လက်ပဲ စိုက်ရတာလို့ ပြောတယ်

သီချင်းနာမည်ကိုလည်း တိုက်ပွဲခေါ်သံတေး ဆိုပြီး နာမည်ပါ တပ်ပေးသွားတယ်တဲ့ အဲဒီသီချင်းပေါ်ပေါက်ပြီးမကြာခင်မှာပဲ အမေရိကန်နိုင်ငံစတင်ပေါ်ပေါက်လာတာပါပဲ

မြန်မာပြည်မှာလည်း သာသနာ နှစ်ထောင့်ငါးရာပြည့်နှစ်က တခုဖြစ်ခဲ့ဘူးတယ်

သာသနာနှစ်ထောင့်ငါးရာပြည့်နှစ်မှာအကျဉ်သားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ် သူတို့ ကိုတော့ ကြိုမပြောခဲ့ဘူး

အင်းစိန်ထောင်က ထောင်မူးဟာ ထောင်သားတွေကို တွေ့ ဆုံပွဲလုပ်တော့ ဦးအောင်မြင့်ဆိုတဲ့ သေဒဏ်ကျခံအကျဉ်းသားကို မေးတယ် အခုနေများ ခင်ဗျားသေဒဏ်ကနေလွတ်မြောက်ရင် ဘယ်လိုခံစားရမလဲ မေတော့ မနောက်ပါနဲ့ 

ဆရာရယ်တဲ့ ဒါနဲ့ ထောင်မူးက ခင်ဗျားကို တကယ်ပြောတာ အခု သာသနာနှစ်ထောင့်ငါးရာပြည်နှစ် အထိမ်းအမှတ်အဖြစ် ခင်ဗျားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီလို့ လည်း ပြောလိုက်ရော ဦးအာင်မြင့်ဟာ ထိုင်နေရာကနေ ထပြီးသာသနာ နှစ်ထောင့်ငါးရာတဲ့ကွ ဆိုပြီး လက်ခက်မောင်ခတ်ပြီး ထခုန်လိုက်တာ လူသုံးရပ်စာလောက်မြင့်သွားတယ်

အဲဒီ သာသနာ နှစ်ထောင့်ငါးရာ တဲ့ကွ ဆိုတဲ့ ဦးအောင်မြင့်ရဲ့ အော်သံဟာ မြန်မာတပြည်လုံးက ထောင်တိုင်းက ထောင်သားတွေ အကုန်ကြားရ သတဲ့

တကယ်တော့ဗုဒ္ဓဘာသာ အယူအဆ အရအတိတ် နိမိတ် တဘောင် သိုက် စနစ်းဆိုတာတွေ ရှိပါတယ် ဒါပေမဲ့ ကမ္ဘာပေါ်ကလူအများစုဟာ ဗုဒ္ဓဘာသာမဟုတ်တော့ လက်မခံနိုင်ကြပါဘူး

ကမ္ဘာပျက်ခါနီးရင် သီကြားမင်းဟာ ခွေးနက်ကြီးအယောင်ဆောင်ပြီး လူတွေကို ကောင်းမူ့ ကုသိုလ် လုပ်ဖို့ ဆော်ဪလိမ့်မယ် ဆိုတဲ့သဘောတရားတွေပါပဲ

မြန်မာပြည်မှာ သိပ်မကြာခင်က ဘုရားရှင်ကို မျက်နှာဖုံးတပ်ပေးခဲ့တာလည်းနိမိတ်တွေပြနေသလိုပါပဲ

ဦးခေါင်းတော်ကို ထမီပါတ်တာဟာလည်း နိမိတ်ပါပဲ အဲဒီလို ပြုမူစော်ကားမူ့ တွေအတွက် ကပ်ဘေးတွေ လာဦးမှာပါ

ဂျင်းကောင်ဆိုတဲ့ စကားပေါ်ပေါက်လာပြီးနောက် နိုင်ငံရေး ဘာသာရေး စီးပွားရေး တွေဟာ တခုမှ အမှန်မဟုတ်တော့ဘူး

ဟိုတလောက ပါကစ္စတန်မှာမြေထဲက သွေးတွေထက်ပြီး စီးဆင်းနေတာတွေကလည် အနာဂါတ်မှာ တခုခုဖြစ်မဲ့ နိမိတ်တွေပါ

ကိုယ်စောင့်နတ်တွေ ကမ္ဘာစောင့်နတ်တွေက လူသားတွေပျက်စီးမှာကိုကြိုသိနေလို့ ကြိုတင်နိမိတ်တွေပြသခဲ့ကြတာဒါပေမဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေကဂများပြားနေတော့ လက်မခံနိုင်ကြဘူး

ဘာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်တွေအတွက်ကံကောင်းပါတယ်ကြိုတင်ပြင်ဆင်ချိန်ရတာပေါ့

တချိန်က လူငယ်တွေ ပါးစပ်မှာ ပြောခဲ့ဘူးတဲ့ နိုင်း (9) လောက်ရှိတယ် ဆိုတဲ့စကားတခွန်းပေါ်ထွက်ခဲ့ဘူးတယ်လူသားတွေ ကြောက်လန့် ပြီး ကိုးကွယ်ရာ အစစ်ကိုရှာကြတော့မှာမို့  သဘာဝတရားကြီးက ဘေးဒဏ်အပြင်းစားကြီးတွေ နဲ့ ပြောင်းလဲပေးမှာပါ

ဖုန်ရှုလိုက်ဆိုတဲ့ စကားကလည်း မြေကြီးမှာလူတွေ ကပ်နေရပြီး တကယ်ရှူရမဲ့သဘောရှိတယ်

ွကျွန်တော်ထင်တာ မမှားဘူး ဆိုရင်ကိုရိုနာလောက်နဲ့ ရပ်မသွားသေးဘူးငလျှင် အပြင်းစားကြီးတွေ လှုပ်ဖို့ ကျန်သေးတယ်

ကြိုတင်ပြင်ဆင်ထားဖို့  အထူးလိုအပ်တယ်

မြန်မာတဘောင်မှာယက်သဲ့ကြားငါးတင်တင်တဲ့ငါးကြောင်စား တဲ့ဘုရားတရား အပြင်းအထန် လုပ်တဲ့သူတွေ လောက်ပဲ ကျန်ခဲ့ဖို့ များတယ်

ဟိုးယခင်က ကပ်ဘေးတွေဖြစ်လို့ ဆယ့်နှစ်နှစ် မိုးခေါင်ပြီး အသာရေစာရှားပါးလို့ ငတ်သေကြတာအများကြီးပဲတဲ့စာအုပ်ထဲမှာပဲကြားဘူးတယ်

အခုတော့လက်တွေ များ မြင်ရ ကြားရ ကြုံရတော့လေမလားလို့  စဉ်းစားမိတယ်

အခုပိုက်ဆံ ရှိတာတောင်မစားရ မသွားရ မပျော်ရအခြေအနေတွေ ကြုံတွေ့ နေရပြီဆိုတော့ ပြောလို့ မရဘူး

ဗုဒ္ဓဘာသာဝင်ဓမ္မမိတ်ဆွေများတရားတွေ စွမ်းနိုင်သလောက် ပိုလုပ်ထားကြဖို့  အထူးတိုက်တွန်းနိုးဆော်အပ်ပါတယ်

ဦးမြင့်ခိုင်

မှတ်ချက်

ခြိမ်းခြောက်ခြင်းမဟုတ်ပါ

ကြိုတင်ပြင်ဆင်ထားကြရန်သာ

Share ပေးကြပါရန်