ယှဉ်ပြိုင် မှု ပြင်းထန်လာပြီဖြစ်တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတော့ Week-8 ကိုရောက်ရှိလာပါပြီ။ ဒီနေ့ပြိုင်ပွဲကြီးမှာတော့ Channel 9 Wild Card Winner အနေနဲ့ တန်ခွန်ကျော်ကပြန်လာခဲ့ပြီး ပြိုင်ပွဲဝင်ငါးယောက်က ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ပြိုင်ပွဲမှာတော့ “ရုပ်ရှင်ဇာတ်ဝင်” တေးသီချင်းနဲ့ “စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့သီချင်းများ” နှစ်မျိုးနဲ့ ယှဉ်ပြိုင်သွားကြပါတယ်။

ပ ထမဆုံး “ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ” အနေနဲ့ တန်ခွန်ကျော်က “တစ်ပြည်သူမရွှေထား” သီချင်း၊ ဘင်ဂျမင်ကတော့ “အချစ်သည်လေပြေ”၊ အေးမြဖြူကတော့ “မျက်ဝန်းလဲ့ပြာပြာ” ၊မူးလာကတော့ “မပြိုသည့်မိုး” ၊အက်စတာကတော့ ” မြင့်မိုရ်ထက်မြင့်သော”သီချင်းများနဲ့ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ပရိသတ်ရဲ့ ပါးစပ်ဖျားမှာစွဲခဲ့တဲ့ ခေတ်ဟောင်းသီချင်းတွေဖြစ်တဲ့အပြင် ခက်ခဲတာကြောင့် ပြိုင်ပွဲဝင်တွေကတော့ သေချာအားစိုက်ထုတ်ပြီး ကြိုးစားယှဉ်ပြိုင်ခဲ့ရတာကို တွေ့မြင်ရမှာပါ

ရုပ်ရှင်ဇာတ်ဝင်တေးများသီဆိုယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်ကြီးရင်ထဲကို ထိသွားအောင်သီဆိုသွားနိုင်တဲ့ပြိုင်ပွဲဝင်က ဘယ်သူလဲဆိုတာ မှတ်ချက်လေးရေးပေးခဲ့ပါဦးနော်။

Source – Myanmar Idol , Rainbow- Cele Gabar