ကို ဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် အများပြည်သူများ လက်ဆေးနိုင်ဖို့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး ကားမှတ်တိုင်အနီးမှ လက်ဆေးစင်နဲ့ လက်သန့်ဆေးရည်များ ထားရှိထားမှု ကို မတ်လ ၁၇ ရက်နေ့ ညနေပိုင်း က တွေ့မြင်ရတာပါ။

အ များပြည်သူကြား ကိုရိုနာဗိုင်းရပ်စ် အရေး အလေးထား ဆောင်ရွက်လာစေဖို့ လူမှု ကူညီရေး အဖွဲ့ တစ်ခုက ဒီ လှုပ်ရှားမှုကို တစ်နိုင်တစ်ပိုင် လုပ်ဆောင်တာ ဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းတွေ (CMP) လို့ အများသိကြတဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားစနစ်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် အထူးသက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေနဲ့ အခွန်ကင်းလွတ်ခွင့်ရနိုင်ရေး စီမံပေးသွားပါမယ်။ ဒါ့အပြင် ပို့ကုန်လုပ်ငန်းတွေက ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်း အခုဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာ နအသီးသီးက ညွှန်ကြားချက်ထုတ်ပြန်တာ၊ ညွှန်ကြားချက်တွေရဲ့ရည်ရွယ်ချက်တွေကို ရှင်းလင်းတင်ပြတာ၊ လိုအပ်တဲ့ အစီအစဉ်ချမှတ်တာကိုတို့ တစိုက်မတ်မတ်လုပ်သွားမယ်လို့လည်း ဆိုပါတယ်ပြီးတော့ ပြည်သူပြည်သားတွေအနေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင် ထည့်ဝင်နိုင်စေမယ့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတရပ်ကို ထူထောင်သွားမှာဖြစ်တဲ့အတွက် စေတနာရှင်ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သမျှထည့်ဝင်လှူဒါန်းနိုင်ဖို့လည်း တိုက်တွန်းနှိုးဆော် သွားပါတယ်။

Credit-CeleChannel