မိမိတို့  နိုင်ငံတွင်းမှာ ဗိုင်းရဗ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ပြီ လို့ မလေးရှား ကြေညာ

မေ လးရှာနိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ကြောင့် ဒီကနေ့မှာ လူ ၂ဦးစတင်သေဆုံးသွားပါပြီ။ဆာရာဝပ်ပြည်နယ် ကပ်ဘေးစီမံခန့်ခွဲမှုကော်မတီရဲ့ မတ်လ ၁၇ရက်နေ့ (ဒီနေ့) ပြောကြားချက်အရ သေဆုံးသူထဲတစ်ယောက်ဟာ ဆာရာဝပ်က အသက်၆၀အရွယ် ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်ဟာ မလေးရှားမှာ ကိုဗစ်-၁၉ (COVID-19)နဲ့ သေဆုံးတဲ့ ပထမဆုံးလူနာဖြစ်လာတယ်လို့ ဆိုပါတယ်။ကြေညာချက်မှာ ပြောကြားရာမှာတော့ ကူချင်ရှိ ဧမာနွေလ နှစ်ခြင်းကျောင်းမှ အမျိုးသားဟာ ဆာရာဝပ် အထွေထွေဆေးရုံမှာပဲ နံနက် ၁၁နာရီလောက်က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အတွင်းရေးမှူးရုံးက ထပ်လောင်းပြောကြားရာမှာတော့ သေဆုံးသူနဲ့ အနီးကပ်ဆက်ဆံခဲ့သူ ၁၉၃ယောက်ကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး နေအိမ်မှာ ရောဂါခြေချုပ်နဲ့ နေခိုင်းထားတယ်လို့ ဆိုပါတယ်။ ဆာရာဝပ်ပြည်နယ်မှာ အင်္ဂါနေ့က နောက်ထပ် ရောဂါပိုးကူးစက်ခံရသူ ၁၁ယောက်ကို မှတ်တမ်းတင်ခဲ့ရာမှာ ကူချင်မှ ၆ယောက်၊ လင်ဗန်းမှ ၃ယောက်နဲ့ ဘီတုန်းနဲ့ လာဝပ်မှ တစ်ယောက်စီဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါပိုးကူးစက်ခံရသူများကို ပြည်နယ်တွင်းက ဆေးရုံများဖြစ်ကြတဲ့ ဆာရာဝပ် အထွေထွေဆေးရုံ၊ စီဘူးဆေးရုံနဲ့ မီရီဆေးရုံများမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။ အတွင်းရေးမှူးရုံးက ထပ်လောင်းပြောကြားရာမှာတော့ ဆာရာဝပ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၅ယောက်ကို အတွဲလေးတွဲအဖြစ် စောင့်ကြည့်ခဲ့ရာမှာ ဆရီ ပီတလင်းအတွဲ၊ ကူချင်ဘုရားကျောင်းတွဲ၊ ဆာရီကဲအတွဲနဲ့ ကူချင်မှာ နောက်တစ်တွဲအနေနဲ့ ဖြစ်ပြီး ကူးစက်ရခြင်းရဲ့ ဇစ်မြစ်ကိုတော့ မဖော်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ နောက်ထပ် ကူးစက်မှုတွေကို တားဆီးဖို့အတွက် တနင်္လာနေ့ညမှာပဲ ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်က လှုပ်ရှားမှုကန့်သတ်အမိန့်ကို ကြေညာခဲ့ရာမှာ ဗုဒ္ဓဟူးနေ့က စတင်ပြီး နိုင်ငံသားတွေကို နိုင်ငံခြားထွက်ခွင့်၊ နိုင်ငံခြားသားတွေကို နိုင်ငံထဲဝင်ခွင့် နှစ်ပတ်တာ ပိတ်ပင်လိုက်ပါတယ်။

ဒီအမိန့်ရဲ့ အစိတ်အပိုင်းအနေနဲ့ ဘာသာရေးနဲ့ အားကစားပွဲတွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုတွေ့ဆုံပွဲတွေလို လူစုလူဝေးလှုပ်ရှားမှုတွေကိုလည်း တားမြစ်ပိတ်ပင်သွားမှာပဲ ဖြစ်ပါတယ်။ဒီအမိန့် အသက်ဝင်လာဖို့အတွက် နိစ္စဓူဝလိုအပ်ချက်တွေကို ရောင်းချနေတဲ့ စူပါမားကတ်တွေ၊ ကုန်ခြောက်ဆိုင်တွေနဲ့ တိုလီမိုလီ စတိုးဆိုင်တွေမှတစ်ပါး လူစုလူဝေးနဲ့ ဝတ်ပြုရာနေရာတွေ၊ စီးပွားရေးဌာနတွေလည်း ပိတ်သိမ်းထားရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ဒါ့အပြင် မစ္စတာ မူယစ်ဒင်က ရေ၊ လျှပ်စစ်မီး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သယ်ပို့၊ လောင်စာဆီ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးလို မရှိမဖြစ် ဝန်ဆောင်မှုတွေမှာ လုပ်ကိုင်နေသူတွေမှတစ်ပါး တခြားလုပ်ငန်းအားလုံးကိုလည်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ရောဂါပိုးကူးစက်ခံရသူပေါင်း ၅၀၀ကျော်အထိ စစ်ဆေးတွေ့ရှိထားလို့ အခုအချိန်အထိတော့ မလေးလရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေသတွင်းမှာ ကိုဗစ်-၁၉နဲ့ ဆက်နွယ်တဲ့ သေဆုံးမှုကို ပထမဆုံးကြေညာတဲ့ နိုင်ငံတော့လည်း မဟုတ်ပါဘူး။ အင်္ဂါနေ့ နေ့လယ်ခင်းမှာပဲ အင်ဒိုနီးရှားက ကိုဗစ်-၁၉ကြောင့် ၅ယောက်၊ ထိုင်းက တစ်ယောက် သေဆုံးကြောင်း ကြေညာထားပါတယ်။

Ref; CNA
Writer_Aung Moe ( XYZ News )