မေ လးရွားနိုင္ငံမွာ ကိုရိုနာဗိုင်းရဗ်စ်ကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီဖြစ်သလို ကူးစက်ခံရသူဦးရေ ၁၂၀ ကျော် ဖြစ်ပွားခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၇၀၀ နီးပါးအထိ မြင့်တက်လာပြီလို့သိရပါတယ်။ ဒါ့ကြောင့် မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ဒဏ် ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတစ်ခုဖြစ်လို့လာပါပြီ

ရောဂါပိုးကူးစက်ခံရသူများကို ပြည်နယ်တွင်းက ဆေးရုံများဖြစ်ကြတဲ့ ဆာရာဝပ် အထွေထွေဆေးရုံ၊ စီဘူးဆေးရုံနဲ့ မီရီဆေးရုံများမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ နောက်ထပ် ကူးစက်မှုတွေကို တားဆီးဖို့အတွက် တနင်္လာနေ့ညမှာပဲ ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်က လှုပ်ရှားမှုကန့်သတ်အမိန့်ကို ကြေညာခဲ့ရာမှာ ဗုဒ္ဓဟူးနေ့က စတင်ပြီး နိုင်ငံသားတွေကို နိုင်ငံခြားထွက်ခွင့်၊ နိုင်ငံခြားသားတွေကို နိုင်ငံထဲဝင်ခွင့် နှစ်ပတ်တာ ပိတ်ပင်လိုက်ပါတယ်။

ဒီအမိန့်ရဲ့ အစိတ်အပိုင်းအနေနဲ့ ဘာသာရေးနဲ့ အားကစားပွဲတွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုတွေ့ဆုံပွဲတွေလို လူစုလူဝေးလှုပ်ရှားမှုတွေကိုလည်း တားမြစ်ပိတ်ပင်သွားမှာပဲ ဖြစ်ပါတယ်။ဒီအမိန့် အသက်ဝင်လာဖို့အတွက် နိစ္စဓူဝလိုအပ်ချက်တွေကို ရောင်းချနေတဲ့ စူပါမားကတ်တွေ၊ ကုန်ခြောက်ဆိုင်တွေနဲ့ တိုလီမိုလီ စတိုးဆိုင်တွေမှတစ်ပါး လူစုလူဝေးနဲ့ ဝတ်ပြုရာနေရာတွေ၊ စီးပွားရေးဌာနတွေလည်း ပိတ်သိမ်းထားရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ဒါ့အပြင် မစ္စတာ မူယစ်ဒင်က ရေ၊ လျှပ်စစ်မီး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သယ်ပို့၊ လောင်စာဆီ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးလို မရှိမဖြစ် ဝန်ဆောင်မှုတွေမှာ လုပ်ကိုင်နေသူတွေမှတစ်ပါး တခြားလုပ်ငန်းအားလုံးကိုလည်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Ref; CNA
Crd-Writer_Aung Moe ( XYZ News )