က မ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၀န်ထမ်းနှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုထားကြောင်း WHO က တာဝန်ရှိသူတစ်ဦးက ယနေ့ မတ်လ (၁၇)ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ယင်း ၀န်ထမ်းတွေဟာ ရုံးကနေ ပြန်သွားပြီးနောက် နေအိမ်အရောက်မှာ ရောဂါလက္ခဏာ ပြခဲ့ပြီး COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့  WHO ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိန်းလင်မိုင်ရာ က သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ စပိန်နိုင်ငံမှာ ယနေ့ မတ်လ ၁၇ ရက်နေ့ အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၁၀၀၀၀ ကျော်သွားပြီး ဖြစ်ကာ သေဆုံးသူဦးရေ ၄၉၁ ဦးရှိလာကြောင်း စပိန်နိုင်ငံရဲ့ ကျန်းမာရေး အရေးပေါ်စင်တာ အကြီးအကဲ ဖာနန်ဒို ဆိုင်မွန် က ပြောဆိုပါတယ်။

မတ်လ ၁၆ ရက် တနင်္လာနေ့ က ပိုးကူးစက်သူဦးရေ ၉၁၆၁ ဦးရှီခဲ့ရာမှ အင်္ဂါနေ့ အရောက်မှာ ပိုးကူးစက်သူဦးရေဟာ ၁၁၁၇၈ ဦးအထိ မြင့်တက်သွားတာဖြစ်တယ်လို့  ၄င်းက ပြောဆိုပါတယ်။

နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁၈၂၀၀၀ ကျော်ရှိနေကာ သေဆုံးသူ ၇၁၀၀ ကျော်သွားပြီလို့  သိရပါတယ်။

Ref – Reuters
Crd-HotNewsMyanmar