Covid-19 ကာကွယ် ရန် လက်ဆေးရန် ငွေမရှိပါက ၎င်းထံ လာတောင်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောဆိုခဲ့တယ်လို့ ပဲခူးမြို့အခြေစိုက်သတင်းဌာန BaGo Weekly က ဖော်ပြထားပါတယ်။

မတ် (၁၆)ရက် ၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်ခန်းမ၌ဝန်ကြီးချုပ်နှင့် ဒေသခံ တောင်သူများ တွေ့ဆုံပွဲမှ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

ကိုယ့်လက်ဝါးနှင့် ထိတဲ့နေရာတိုင်း အိမ်သာတံခါး၊ လက်ရန်တံခါးထိသည့်နေရာတိုင်း လက်ဆေးကြရန်၊ အလားတူ အိမ်သာသွားပြီးရင်လည်း လက်ဆေးကြရန်တိုက်တွန်းခဲ့ပြီး လက်ဆေးစရာပတ်ဆံမရှိလျှင် ၎င်းထံ လာရောက်တောင်းခံနိုင်ကြောင်း ပဲခူးဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောဆိုလိုက်ပါတယ်။

Covid-19 နှင့် ပတ်သက်၍မတ် (၁၃) မှဧပြီ (၃၀) ထိပွဲလမ်းသဘင်များကို ကျင်းပခွင့်မပြု့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်စာထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။ ထို့အတူ လူစုလူဝေးမလုပ်ကြရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ညွှန်ကြားထားပါတယ်။

Crd:HotNewsMyanmar